DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုများတွင် သောက်သုံးရေ ပြတ်လပ်
DVB
·
April 22, 2016
နေပြည်တော် ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုများတွင် သောက်သုံးရေ ပြတ်လပ်
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းက ရပ်ကွက်တချို့နဲ့ ကျေးရွာအုပ်စု သုံးခုအတွင်းက တချို့ကျေးရွာတွေမှာ သောက်သုံးရေ ပြတ်လပ်နေပါတယ်။

အခုလို ရေပြတ်လပ်နေတာဟာ ကျေးရွာအတွင်းက ရေတွင်းတွေမှာ ရေခန်းခြောက်တာအပြင် ရေထွက်တဲ့တွင်း ရှိပေမယ့် ရေသုံးစွဲသူနဲ့ မမျှတဲ့အတွက် ရေအလှူရှင်တွေလာမှသာ သောက်သုံးရေ အဆင်ပြေတယ်လို့ ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာသူ ဒေါ်ခင်ခင်ရီက ပြောပါတယ်။

“လာလှူမှလောက်တာ။ မဟုတ်ရင် ရေကိုမရှိဘူး။ သောက်ရေကော သုံးရေကော။ အခုနှစ်က တနှစ်လုံးလိုလိုပဲ၊ ဆောင်းဝင်ကတည်းက ရေရှားတာ။ အ၀ီစိတွင်းက သောက်ရေရတယ်၊ ရေသန့်ထွက်တော့။ အဲဒီရေသန့်က သောက်ရေကို တညလုံး မအိပ်ရဘူး၊ အလှည့်နဲ့ ယူရတာ၊ တခါတလေ ရေတောင်မချိုးရဘူး။”

နှစ်တိုင်း ခုလို သောက်သုံးရေရှားပါးမှု ဖြစ်ခဲ့ပေမယ့် အခုနှစ်ကတော့ ရေအရှားဆုံးပဲလို့ နန်းသြကျေးရွာ ဒေသခံတဦးဖြစ်တဲ့ ဦးထွေးက ပြောပါတယ်။

“ခါတိုင်းနှစ်တွေလည်း ရှားတော့ရှားတယ်။ ဒီနှစ်မှာ အရှားဆုံးပဲ။ သီတင်းကျွတ်လကတည်းက မိုးကမရွာတော့ ရေတော်တော်ပြတ်သွားတယ်။ အကုန်လုံး အခက်အခဲတွေ ဖြစ်ကြတယ်။ အဲတော့ ဘယ်လိုကြံရမှန်းလည်း မသိဘူး။ ဟိုးတောင်ပေါ်ကရေကလည်း မရှိဘူး။ ခါတိုင်းဆို ဒီချောင်းမှာ ရေလာနေတယ်ဆိုရင် ရသေးတယ်။ ခု ဒီချောင်းကလည်း ရေမလာတော့ဘူး။ ပြာသိုလကတည်းက လုံးဝ ရေပြတ်သွားပြီ။ အဲဒါကြောင့် အခက်အခဲတွေ ဖြစ်ကြပါတယ်။”

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းက ပြည်စံအောင်ရပ်ကွက် ခေအေးကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ အင်ပင်ကုန်း၊ စက်ကုန်း၊ ချောင်းဖျားကျေးရွာ၊ နန်းသြကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ ဒိုးပင်ကုန်း၊ ဥယျာဉ်၊ နန်းသြကျေးရွာ၊ ရေဆင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ ကန်သာအေး၊ ရွှေကျကျေးရွာနဲ့ နယ်မြေလေးတို့မှာ သောက်သုံးရေ အခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်။

ဒီလို သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ နေရာတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ပြင်ပက အလှူရှင်တွေက နေ့စဉ်နီးပါး ရေလှူပေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013