DVB Logo
Home
မြန်မာသတင်း
အိုဘားမားရေးသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း
DVB
·
April 22, 2016
အိုဘားမားရေးသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ အမှတ်တရ ရေးသားထားတာကို တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

ကမ္ဘာလွှမ်းမိုးမှု အရှိဆုံး လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းကို တခြား ထင်ရှားသူတွေက အမှတ်တရ ရေးသားရာမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုတော့ သမ္မတအိုဘားမားက ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် သမ္မတရဲ့ ရုံးခန်းမှာ ကြိုဆိုနှုတ်ဆက်ခဲ့စဉ်က သူရဲ့ တည်ငြိမ်တဲ့ ဂုဏ်သိက္ခာက လာရောက် ရိုက်ခတ်ခဲ့တယ်လို့ အိုဘားမားက ရေးပါတယ်။

စကားကို ပျော့ပြောင်းစွာ ပြောတတ်ပေမယ့် ချစ်တဲ့ မြန်မာပြည်ကို ဒီမိုကရေစီ ရယူပေးဖို့ အတွက် ပြင်းထန်တဲ့ ယုံကြည်ချက်နဲ့ မောင်းနှင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီနောက် ၂ လအကြာ ရန်ကုန်က ရိုးရှင်းတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက်လည်ပတ်စဉ် မေတ္တာ ဂရုဏာနဲ့ ပတ်သက်တဲ့ ဗုဒ္ဓအဆုံးအမကို လေ့လာပြီး ကိုယ်ကိုယ်ကိုယ် အကျိုးပြုအားဖြည့်စေတာကို တွေ့ရတယ်လို့ အိုဘားမားက ရေးပါတယ်။

ဒီကနေမှာတော့ အကျဉ်းသားဘ၀ကနေ လွှတ်တော်အမတ်၊ ပါတီခေါင်းဆောင် ဆိုတဲ့ ခရီးစဉ်ကို ဖြတ်သန်းပြီး အရင်နှစ်ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သလို အခုတော့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပေါ်လာတဲ့ ပထမဆုံးအရပ်သား အစိုးရကို ဒေါ်စုက ဦးဆောင်မှု ပေးနေပြီလို့ စာမှာ ရေးသားထားပါတယ်။

မြန်မာက လက်ရှိမှာတော့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရသလို အောင်မြင်ဖို့ကတော့ ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ရပ်တန့်နိုင်ဖို့နဲ့ တိုင်းရင်းသားလူမျိုးစုနဲ့ ကိုးကွယ် ယုံကြည်မှုတွေအကြား လူ့အခွင့်အရေး ထိန်းသိမ်းနိုင်မှုအပေါ်မှာ မူတည်နေတယ်လို့ ဆိုပါတယ်။

လူသားတွေဖြစ်တဲ့ ကျမတို့တွေက မပြည့်စုံမှုတွေရှိနေပေမယ့် ဒီမိုကရေစီကတော့ အားလုံး အတွက် မျှော်လင့်ချက်တခုပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုတော့ သန်း ၅၀ သောလူတွေ တရားမျှတမှုကို ရရှိဖို့နဲ့ ကမ္ဘာတ၀န်းက သန်းချီတဲ့ လူတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ချက် အဖြစ်ရှိနေဆဲ ဖြစ်တယ်ဆိုပြီး စာကို အဆုံးသတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013