DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် မိုးလေပြင်းကျ သစ်ပင်များကျိုးကျ အဆောက်အဦအချို့ပျက်စီး
DVB
·
April 22, 2016
ပြင်ဦးလွင်တွင် မိုးလေပြင်းကျ သစ်ပင်များကျိုးကျ အဆောက်အဦအချို့ပျက်စီး
Donate to DVB

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ ဧပြီလ ၂၁ ရက်နေ့ညက မိုးကြီးပြီး လေပြင်းတိုက်တဲ့ အတွက် လမ်းမကြီးတလျှောက် သစ်ပင်တွေကျိုးကျသလို အဆောက်အဦတချို့ပါ ပျက်စီးသွား ပါတယ်။

မနေ့ည ၇ နာရီက လေပြင်းစတိုက်ရာမှာ ၁၅ မိနစ်လောက်သာ ကြာမြင့်ပေမယ့်လည်း အောင်ချမ်းသာရပ်ကွက်ကနေ မေမြို့အတက်လမ်းထိ သစ်ပင် သစ်ကိုင်းတွေ ကျိုးကျပြီး ဈေးဆိုင်ခန်း အဆောက်အဦတွေပါ ထိခိုက်တယ်လို့ ပြင်ဦးလွင် အန်အယ်လ်ဒီအမတ် ဦးအောင်မင်း က ဒီဗွီဘီကို ပြောပါတယ်။

“သစ်ပင်တွေခပ်များများလဲကျတာပေါ့။ အောင်ချမ်းသာကနေတောက်လျှောက် တစ်တန်းကြီးမှာ ဘေးနားက သစ်ပင်တွေ၊ နဂိုကလည်း အမြစ်သိပ်မကောင်းတဲ့အပင်တွေ လဲတာပေါ့။ အောင်ချမ်းသာရပ်ကွက်ကနေ မေမြို့ထိ လမ်းတွေပေါ်မှာ သစ်ပင်သစ်ကိုင်းတွေ ကျနေတယ်။ ဆိုင်ခန်းခေါင်မိုးတွေပေါ်လည်း ကျတယ်။ ပျက်စီးမှုရှိပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။”

လမ်းပေါ်ပြန့်ကျဲနေတဲ့ သစ်ကိုင်းစတွေကို ဒီကနေ့မနက် ၅ နာရီကစပြီး မြို့ခံတွေနဲ့ စည်ပင်သာတို့ ပူးပေါင်း ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013