DVB Logo
Home
မြန်မာသတင်း
စစ်တွေအနီး စက်လှေနစ်မြုပ်မှု ၁၈ ယောက်သေ၊ ၂၀ ပျောက်ဆုံး
DVB
·
April 22, 2016
စစ်တွေအနီး စက်လှေနစ်မြုပ်မှု ၁၈ ယောက်သေ၊ ၂၀ ပျောက်ဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သဲချောင်းဝအနီး နစ်မြုပ်ခဲ့တဲ့ စက်လှေမှောက်မှုအတွင်း လူ ၁၈ ဦး သေဆုံးပြီး အယောက် ၂၀ ပျောက်ဆုံးနေတယ်လို့ ခရိုင်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီစက်လှေဟာ ဧပြီ ၁၉ ရက်က ပေါက်တောမြို့နယ်၊ ဆင်တက်မော် ကယ်ဆယ်ရေးစခန်း ကနေ သဲချောင်းရွာကို ဈေးဝယ်ဖို့ ထွက်လာခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ လူ ၄၉ ဦး စီးနင်းလိုက်ပါခဲ့ပါတယ်။

စက်လှေမှောက်ပြီးတဲ့နောက် လူ ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၈ ဦးရဲ့ အလောင်းတွေ ရှာတွေ့ခဲ့ပါတယ်။

ဒဏ်ရာရသူ ၅ ဦးကို စစ်တွေနဲ့ သက်ကယ်ပြင်ဆေးရုံတို့မှာ ဆေးကုသပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စက်လှေနစ်မြုပ်မှုအတွင်း သေဆုံးသူ ၁၈ ဦးဟာ ဘယ်သူဘယ်ဝါတွေဖြစ်ကြောင်း သိနိုင်ဖို့ စစ်တွေရဲစခန်းက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီစက်လှေမှောက်မှုနဲ့ပတ်သက်လို့ နိုင်ငံတချို့နဲ့ ကုလအဖွဲ့အစည်းတချို့က ရိုဟင်ဂျာတွေ လှေစီးပြေးရင်း နစ်မြုပ်သယောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013