DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အလံမှုဖြင့် ဖမ်းဆီးတရားစွဲခံရသည့်ကျောင်းသား ၂ ဦး လွတ်မြောက်
DVB
·
April 21, 2016
နိုင်ငံတော်အလံမှုဖြင့် ဖမ်းဆီးတရားစွဲခံရသည့်ကျောင်းသား ၂ ဦး လွတ်မြောက်
Donate to DVB

နိုင်ငံတော် အလံအက်ဥပဒေပုဒ်မနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ထားရတဲ့ တက္ကသိုလ်ကျောင်းသား ကိုစိုးလှိုင်နဲ့ ကိုဇင်ကိုသန့်တို့ ဒီကနေ့ မြင်းခြံထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

ကိုစိုးလှိုင်ဟာ မုံရွာနည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး ကိုဇင်ကိုသန့်ကတော့ ရတနာပုံ တက္ကသိုလ်က မြန်မာစာအထူးပြု ကျောင်းသားဖြစ်ပါတယ်။

သူတို့တွေဟာ မြင်းခြံဒီဂရီကောလိပ်ကျောင်းအတွင်းမှာ နိုင်ငံတော်အလံကိုချပြီး ကျောင်းသား သမဂ္ဂ အလံတင်ခဲ့လို့ အလံအက်ဥပဒေပုဒ်မ ၁၆ အပြင် စီတန်းလှည့်လည်မှု ဥပဒေပုဒ်မ ၁၈ နဲ့လည်း တရားစွဲဆိုခံထားရတာပါ။

မြင်းခြံမြို့နယ်တရားရုံးက သူတို့ကို မနက် ၁၀ နာရီလောက်ကတည်းက ရုံးစထုတ်ပြီး ညနေ ၅ နာရီလောက်မှာ လွတ်မိန့်ချခဲ့တာဖြစ်တယ်လို့လည်း ကိုဇင်ကိုသန့်က ပြောပါတယ်။

“အခုကျနော်တို့ကတော့ လွှတ်ပြီဗျာ။ သူတို့ စွဲဆိုထားတဲ့အမှုကို ပုဒ်မ ၄၉၄ အရ ပြန်လည်ရုပ်သိမ်း တာပေါ့နော်။ အခုကျနော်တို့က ထောင်ကိုပြန်သွားပြီးတော့ စစ်ဆေးပြီးမှ လွတ်မယ်နဲ့တူတယ်။ အခုကျနော်တို့ထောင်ကို ပြန်သွားနေတယ်။ ထောင်ရောက်တော့မယ်။ ”

ပုဒ်မ ၄၉၄မှာ မည်သည့်အစိုးရရှေ့နေမဆို စစ်ဆေးစီရင်သောအမှုများတွင် စီရင်ချက်မချမီ လူတယောက်ကို ၎င်းအပေါ်စွဲဆိုထားသောအမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၎င်းကို ကြားနာစစ်ဆေးနေသည့်ပြစ်မှုများအနက် ပြစ်မှုတရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ ပြစ်မှုများနှင့် စပ်လျဉ်း၍ဖြစ်စေ တရားရုံးရဲ့ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ကိုစိုးလှိုင်နဲ့ ကိုဇင်ကိုသန့်တို့ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထောင်တွင်းမှာ တနှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာ လွတ်မြောက်လာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013