DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြအလုပ်သမားများအပေါ် စွဲဆိုထားသည့်အမှုများတရားရုံး ပြန်ရုပ်သိမ်း
DVB
·
April 21, 2016
ဆန္ဒပြအလုပ်သမားများအပေါ် စွဲဆိုထားသည့်အမှုများတရားရုံး ပြန်ရုပ်သိမ်း
Donate to DVB

ရွှေပြည်သာ အလုပ်သမားသပိတ်မှာပါဝင်ဆန္ဒပြလို့ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ရုန်းရင်းဆံခတ်မှု ပုဒ်မ ၁၄၇ တွေနဲ့ တရားစွဲဆိုခံထားရတဲ့အလုပ်သမား ၉ ဦးကို ရန်ကင်းမြို့နယ် တရားရုံးက ဒီကနေ့ အမှု ရုပ်သိမ်းပေးလိုက်ပါတယ်။

အကျဉ်းထောင်အပြင်ကနေ အမှုရင်ဆိုင်နေရတဲ့ ကိုဇာမဏီ၊ ကိုကျော်လင်းထွန်း (ခ) မိုးဟိန်း၊ ကိုပြည့်ဖြိုးအောင် (ခ) နောင်နောင်၊ ကိုမင်းဇော်ဋ္ဌေး၊ ကိုအောင်ကိုကို၊ မအေးစန္ဒာဝင်း၊ မယမင်း၊ မစန္ဒာမြင့်၊ မအေးမိုးခိုင်တို့ကို ဒီကနေ့ ရန်ကင်းမြို့နယ်တရားရုံးက နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်နဲ့ အမှုတွေ ရုပ်သိမ်းပေးခဲ့တာပါ။

သူတို့တွေဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၄ ရက်နေ့က ရွှေပြည်သာအလုပ်သမားသပိတ်မှာ ပါဝင်ခဲ့ပြီး အလုပ်သမားသပိတ်စစ်ကြောင်းထွက်စဉ် ရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ် စွမ်းအားရှင်တွေက အကြမ်းဖက် ဖမ်းဆီးခံရတဲ့သူတွေဖြစ်ပါတယ်။

အကြမ်းဖက်ဖမ်းခံခဲ့ရတဲ့ ကိုစိုင်း (ခ) ကျော်ဇောလင်း၊ ကိုကျော်ဇင်၊ ကိုမင်းလွင်ဦး၊ မစံပယ်တို့ ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။

ဒါ့အပြင် အင်းစိန်ထောင်အတွင်း ထောင်ဒဏ်ကျခံခဲ့ရတဲ့ အလုပ်သမားအရေးကူညီဆောင်ရွက် သူ ကိုမျိုးမင်းမင်း၊ ကိုနိုင်ဋ္ဌေးလွင်၊ ကိုသူဇော်ကြည်ဝင်း၊ ကိုနိုင်ဇော်ကြည်ဝင်းတို့လည်း မြန်မာ နှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ လွတ်လာခဲ့ပါတယ်။

ဒီနေ့မှာတော့ အပြင်ကနေ နိုင်ငံရေးအမှုနဲ့ ရင်ဆိုင်နေရသူတွေကို နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်နဲ့ အမှုတွေကနေ ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013