DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာနများပြင်ဆင်ဖွဲ့စည်းမည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆွေးနွေး
DVB
·
April 21, 2016
ဝန်ကြီးဌာနများပြင်ဆင်ဖွဲ့စည်းမည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆွေးနွေး
Donate to DVB

အစိုးရ၀န်ကြီးဌာနအသီးသီးကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမယ့်ကိစ္စမှာ ပြုပြင်ပြောင်းလဲလွယ်တဲ့ အခြေအနေဖြစ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်ရှိ သမ္မတအိမ်တော် အစည်းအဝေးခန်းမမှာ ဒီနေ့ကျင်းပတဲ့ ၀န်ကြီးဌာနများရဲ့ ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးမှာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အချို့ဝန်ကြီးဌာနများ လျှော့ချခဲ့သည့်နည်းတူ အချို့ဝန်ကြီးဌာနများကို ပေါင်းစည်းခဲ့ပါကြောင်း၊ ပေါင်းစည်းသည့် ၀န်ကြီးဌာနများ လုပ်ငန်းချောမွေ့စေရေးအတွက် ပြန်လည် ဖွဲ့စည်းရပါကြောင်း၊ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆောလျင်စွာဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း။ ထိုသို့ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရာတွင် ရည်ရွယ်ထားသည့် လုပ်ငန်းစဉ်များနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ၀န်ကြီးဌာနများ ဖွဲ့စည်းမှုကို ယခင်က တစ်လ၊ နှစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသော်လည်း ယခုဆောလျင်စွာ ဖွဲ့စည်းနိုင်မည်ဟု ထင်ပါကြောင်း၊ ဆောလျင်စွာ ဖွဲ့စည်းနိုင်ပါက မြန်မြန်ဆန်ဆန် အလုပ်ဖြစ်မည် ဖြစ်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဒ့ါအပြင် ၀န်ကြီးဌာန အသီးသီး ပြန်လည် ပြင်ဆင်ဖွဲ့စည်းမယ့် ကိစ္စမှာ တစ်ဦးနဲ့ တစ်ဦး သတိပေး အကြံပြုစရာတွေရှိရင် သတိပေး အကြံပြုကြဖို့၊ အစည်းအဝေးမှာ မပါဝင်တဲ့ ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရန်ဖို့နဲ့ ပြုပြင်ပြောင်းလဲလွယ်တဲ့ အခြေအနေဖြစ်ဖို့ လိုအပ်ကြောင်းလည်း သမ္မတရုံး ၀န်ကြီးက ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ၀န်ကြီးဌာနတွေ ပေါင်းစည်းလိုက်ပြီးတဲ့နောက် ၀န်ကြီးဌာနတွေကို စိစစ်တဲ့ဌာနနဲ့ ဘတ်ဂျက်ကိစ္စတွေကို ဖြတ်သန်းရဦးမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“‘ဒါပြီးရင် ၀န်ကြီးဌာနတွေရဲ့ဖွဲ့စည်းပုံကို စိစစ်တဲ့ စိစစ်တိုးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အတည်ပြုချက် ယူရမယ်၊ပြီးရင် ဘတ်ဂျက်၊ ၀န်ကြီးဌာနတွေ ပြင်ဆင်ဖွဲ့စည်းတဲ့အခါ ဘတ်ဂျက်က ဘယ်လို ဖြစ်သွားတယ်။ ဥပမာ ၀န်ကြီးဌာနတခုစီ ဘတ်ဂျက် လျထားတယ် ဒီနှစ် ဘတ်ဂျက်က ပေါင်းလိုက်တဲ့အချိန်မှာ ၀န်ကြီးဌာနတခုထဲရဲ့ငွေစာရင်းခေါင်းစဉ်အဲ့လို ပြန်ဝင်သွားတာတွေ ရှိတယ်။ အဲ့ဒါတွေအတွက် ဘတ်ဂျက်ရဲ့အတည်ပြုချက် ပြန်ယူရမယ်။”

အဲ့ဒီအဆင့်တွေပြီးတာနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ကက်ဘိနက်စည်းဝေးပွဲရဲ့ အတည်ပြုချက် ရယူရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ စိုက်ပျိုးရေးနဲ့မွေးမြူရေး၊ သမ၀ါယမစတဲ့ ဌာန ၃ ခုကိုပေါင်းပြီး စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနဆိုပြီး ၃ ခုပေါင်း တခု ဖွဲ့စည်းခဲ့တာမျိုး လုပ်ခဲ့ပါတယ်။

အရင် အစိုးရလက်ထက်မှာ ၀န်ကြီးဌာန ၃၆ ခု ရှိခဲ့ပြီး အစိုးရသစ်လက်ထက်မှာတော့ ၂၁ ခုထိ လျှော့ချဖွဲ့စည်းခဲ့ပါတယ်။ အရင် ၀န်ကြီးဌာန ၁၀ ခုကို မူလအတိုင်း ဆက်လက်ထားရှိပြီး ၂၆ ခုကို ၁၁ ခုထိ ပေါင်းစည်းဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013