DVB Logo
Home
မြန်မာသတင်း
ဧ၀ရတ်တောင်ထိပ်သို့ မြန်မာတောင်တက်သမားများ တက်ရောက် (ဓာတ်ပုံ)
DVB
·
April 21, 2016
ဧ၀ရတ်တောင်ထိပ်သို့ မြန်မာတောင်တက်သမားများ တက်ရောက် (ဓာတ်ပုံ)
1 / 8
Donate to DVB

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်မှာ မြန်မာနိုင်ငံအလံ လွှင့်ထူနိုင်ဖို့အတွက် မြန်မာနိုင်ငံသား တောင်တက်သမား ၃ ဦး ဧ၀ရတ်တောင်ကို တက်ရောက်နေတယ်လို့ ထူးဖောင်ဒေးရှင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာတောင်တက်အဖွဲ့ဟာ ဧပြီလ ၁၇ ရက်နေ့က အမြင့် ၅၈၀၀ မီတာအထိ တက်ရောက်ခဲ့ကြပြီး ဧပြီ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ တောင်ခြေစခန်းတွင် စခန်းချ ညအိပ်ခဲ့ကြပါတယ်။ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ တောင်တက်စခန်း(၁) (Camp-1) သို့ တက်ရောက်မှာဖြစ်ပြီး Camp-1 မှာ ညအိပ်ပါမှာဖြစ်ပါတယ်။

မနက်ဖြန် ဧပြီလ ၂၂ ရက်နေ့မှာ တောင်တက်စခန်း ၂ သို့ မြန်မာတောင်တက်အဖွဲ့ ဆက်လက်တက်ရောက်မှာဖြစ်ပြီး တောင်တက်စခန်း ၂ ကို တက်ရောက်အပြီးတွင် မြန်မာ တောင်တက်သမားတွေ တောင်တက်စခန်း ၁ သို့ ပြန်လည်ဆင်းသက်ကာ ညအိပ်ကြမှာ ဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ တောင်ခြေစခန်းကို ပြန်လည်ဆင်းသက်ကြမှာဖြစ်ပါတယ်။
(ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013