DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ၀င်ရောက်ရန် ဗီယက်နမ်စစ်တပ်ပိုင်ကုမ္ပဏီ အစီအစဉ်များ ကြေညာ
DVB
·
April 21, 2016
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ၀င်ရောက်ရန် ဗီယက်နမ်စစ်တပ်ပိုင်ကုမ္ပဏီ အစီအစဉ်များ ကြေညာ
Donate to DVB

၃ နှစ်အတွင်း လူဦးရေ ၉၅ ရာခိုင်နှုန်းကို ဆယ်သွယ်ပေးနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်အပါအ၀င် မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဖုန်း ဈေးကွက်မှာ ၀င်ရောက်ဖို့ ဗီယက်နမ်စစ်တပ်ပိုင် ဗီတယ်လ်က အစီအစဉ်အသေးစိတ်ကို ကြေညာလိုက်ပါတယ်။

ဗီတယ်ဟာ မြန်မာနည်းပညာနဲ့ တခြား ကုမ္ပဏီ ၁၁ ခုနဲ့ ပူးတွဲလုပ်ကိုင်ဖို့အတွက် အရွေးချယ်ခံရတဲ့ ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရတဲ့ ၄ ခုမြောက် ကုမ္ပဏီလည်း ဖြစ်ပါတယ်။

900-MHzနဲ့ 2100-MHz 3G သီးသန့် ကွန်ရက်ကို လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ထုတ်ဖော်ခဲ့သလို 4G၀န်ဆောင်မှုကိုလည်း ပေးအပ်သွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

အကျိုးတူကုမ္ပဏီတွေက စုစုပေါင်း ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမှာ ဖြစ်ပြီး ဗီတယ်က ၄၉ ရာခိုင်နှုန်း ရှယ်ယာ ရရှိမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013