DVB Logo
Home
မြန်မာသတင်း
မန္တလေး၊ စစ်ကိုင်း စသည့် မြို့ ၈ ခုမှာ လေပြင်းတိုက်နိုင်ဟု ဆို
DVB
·
April 21, 2016
မန္တလေး၊ စစ်ကိုင်း စသည့် မြို့ ၈ ခုမှာ လေပြင်းတိုက်နိုင်ဟု ဆို
Donate to DVB

ဒီနေ့ကစလို့ ဧပြီ ၂၄ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ ကျောက်ဆည်၊ နွားထိုးကြီး ၀က်လူး၊ ပြင်စည်၊ မြင်းခြံ စတဲ့ မြို့ ၈ ခုမှာ လေပြင်းများတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က သတိပေးပါတယ်။

အဲ့ဒီမြို့တွေရဲ့ မွန်းလွဲနဲ့ ညနေပိုင်းတို့မှာ တနာရီ မိုင် ၂၀ မှ ၃၀ အထိရှိတဲ့ လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ သူ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

"ပူပြင်းတဲ့နွေကာလရောက်လာရင် မြန်မာနိုင်ငံအလယ်ပိုင်းက အပူးဆုံးဖြစ်လာတယ်။ အဲဒီ အခါမှာ convection (ပူ၊ ပွ။ ပေါ့ ဖြစ်စဉ်) သဘောအရ အလယ်ပိုင်းဒေသက လေတွေဟာ လေဖိအားတွေကျလာတယ်။ ဒီအခါ မုတ္တမကွေ့ထဲက ၀င်လာတဲ့ မုတ်သုံလေဦးဟာ မြောက်ဖက်ကို တိုက်ခတ်လာတော့ ပဲခူးရိုးမနဲ့ အလယ်ရိုးမကြားထဲဝင်လာတော့ လမ်းကြောင်း (Channel)က ကျဉ်းမြောင်းလာတယ်။ ဒီတော့ လေက Jet လေတွေလို ပိုပြီးစုစည်း ပြင်းထန်လာ တယ်။ တခါ ရှေ့မှာရှိနေတဲ့ အလယ်ပိုင်းဒေသကလည်း လေထုဖိအားကျဆင်းနေလေတော့ လေတွေဟာ ဖိအာားနည်းရာကို ဦးတည်တိုက်ခတ်တဲ့သဘာဝကြောင့် လေတွေဟာ ပို အရှိန်ရလာတယ်။ ပြောရရင်တော့ နောက်ကလည်းတွန်း (Channelling Effect) ရှေ့ကလည်း ဆွဲ (Low pressure Effect) လေတော့ မြန်မာနိုင်ငံအလယ်ပိုင်းရောက်တော့ လေပြင်းတွေ ဖြစ်သွားတယ် လို့ ရေးသားဖော်ပြပါတယ်။

အယ်လ်နီညိုနွေရာသီကာလအတွင်း မြန်မာပြည်က ချောက်၊ စစ်ကိုင်း၊ ထားဝယ်၊ မြိတ်၊ ဟဲဟိုး၊ ဖြူး စတဲ့ မြို့ ၁၁ ခုမှာ စံချိန်တင်ပူပြင်းခဲ့ပြီး ဧပြီ ၁၂ ရက်၊ အကြိုနေ့ တရက်ထဲ မှာပဲ မြန်မာပြည်တ၀န်းရှိ မြို့ကြီး ၈ ခုမှာ စံချိန်တင် ပူပြင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013