DVB Logo
Home
မြန်မာသတင်း
ပုပ္ပားတောင်မကြီး တောမီးလောင်၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်ရုံပစ္စည်းတချို့ ပျက်စီး
DVB
·
April 21, 2016
ပုပ္ပားတောင်မကြီး တောမီးလောင်၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်ရုံပစ္စည်းတချို့ ပျက်စီး
Donate to DVB

ဧပြီ ၂၁ ရက်နေ့က ပုပ္ပားတောင်မကြီး တောမီးလောင်ခဲ့ပြီး အဲဒီမှာရှိတဲ့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်ရုံက ပစ္စည်းတချို့ ပျက်စီးခဲ့ပါတယ်။

“နေ့လယ် ၁၁ နာရီကျော်ကတည်းက လောင်နေတာ။ အဲဒီတုန်းက များမယ် မထင်ဘူး။ ညဘက်ရောက်လာမှ မီးက ပိုကြီးလာတယ်။ ရှိတဲ့သူတွေ စုသွားပြီး တတ်နိုင်သလောက် ငြိမ်းရတာပေါ့”လို့ ပုပ္ပားတောင်ချစ်သူများအသင်း နာယက ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း လောင်ခဲ့သေးပြီး ခုတကြိမ်ကတော့ ပိုများခဲ့တာပါ။ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်ရုံ အဆောက်အဦတခု၊ မီးစက်နဲ့ အဲကွန်းတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။

တောင်ပေါ်မှာ မီးတားလမ်း ကောင်းကောင်းမရှိတာကလည်း မီးပိုလောင်ဖို့ အခွင့်အရေး ဖြစ်နေတယ်လို့ နာယက ဆရာတော်က မိန့်ပါတယ်။

မနေ့ကမီးကို ထွေအုပ်ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ မီးသတ်နဲ့ လူမှုအဖွဲ့အစည်းဝင်တွေ ပူးပေါင်းငြိမ်းသတ်ခဲ့ကြပြီး အပေါ်ဘက်ကို ဆက်မလောင်တော့ပဲ တောင်အောက်ဘက်ကိုတော့ ဆက်လောင်နေဆဲပဲ ဖြစ်ပါတယ်။ ဒီနေ့ ဧပြီ ၂၁ ရက် အခြေအနေကိုတော့ မသိရသေးပါဘူး။
(ဓာတ်ပုံ- ပုပ္ပားတောင် ချစ်သူများအသင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013