DVB Logo
Home
မြန်မာသတင်း
လတ်တလော ရခိုင်အရေး စိုးရိမ်ဟု အမေရိကန်သံရုံးပြော
DVB
·
April 21, 2016
လတ်တလော ရခိုင်အရေး စိုးရိမ်ဟု အမေရိကန်သံရုံးပြော
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး နစ်မြုပ်ခဲ့တဲ့ စက်လှေမှောက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ကြေကွဲဝမ်းနည်းပြီး ဒီဖြစ်ရပ်အပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပါတယ်။

ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ်၊ သဲချောင်းအနီး စက်လှေတစင်း နစ်မြုပ်ပြီးနောက် ကြေကွဲဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရသူများနှင့် ပတ်သက်တဲ့ သတင်းအတွက် မိမိတို့ များစွာ စိတ်မကောင်းဖြစ်ရတယ်၊ ဒေသခံသတင်းများအရ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများမှလို့  သိရှိရတဲ့ အသက်ဆုံးရှုံးခဲ့ရသူများရဲ့ မိသားစုဝင်များနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း အမေရိကန်ပြည်သူများကိုယ်စား မိမိတို့ ပြောကြားလိုပါတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့  ရခိုင့်တပ်မတော်အကြား မြင့်တက်လာတဲ့  တိုက်ပွဲများကြောင့် အရပ်သားများ မတရားသဖြင့် ပြုကျင့်ခံရပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့ရတယ်ဆိုတဲ့ စွပ်စွဲတင်ပြချက်များနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း သံရုံးကြေညာချက်က ဆိုပါတယ်။

အရပ်သားပြည်သူများကို ထိခိုက်စေနိုင်တဲ့ တိုက်ခိုက်မှုများအား ထပ်ပြီး မလုပ်ကြဘဲ  ရှောင်ရှားကြဖို့ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းအားလုံးကို အမေရိကန်သံရုံးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013