DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံ လာမည်
DVB
·
April 20, 2016
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံ လာမည်
Donate to DVB

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခိရှိဒ ဟာ ဧပြီလကုန်က စတင်မယ့် အရှေ့တောင်အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဧပြီ ၁၉ ရက်နေ့က ဂျပန်သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရောက်ရှိစဉ် ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရသစ်ရဲ့ မူဝါဒတွေကို အပြည့်အ၀ ထောက်ခံပံ့ပိုးမယ့် အကြောင်းအရာတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးရဲ့  စာချွန်တော်ကိုပါ သယ်ဆောင်သွားမယ်လို့ မီဒီယာတွေကို ပြောပါတယ်။

အခုခရီးစဉ်မှာ ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာကြောင်းပြသမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ဝန်ကြီးချုပ်ရဲ့ ဂျပန်နိုင်ငံ လာရောက်ဖို့ ဖိတ်ခေါ်မှုကိုလည်း တတ်နိုင်သမျှ အစောတလျှင် လာရောက်မယ်လို့ မျှော်လင့်မိကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013