DVB Logo
Home
မေးမြန်းခန်း
ပြည်​ထောင်စုလွှတ်​တော်အစည်း​အ​ဝေး​တွင် အမြတ်ခွန်ဥပ​ဒေရုပ်သိမ်း​ရေး​ တင်ပြ
DVB
·
August 23, 2011
Donate to DVB

မ​နေ့​က ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော်အစည်း​အ​ဝေး​မှာ အမြတ်ခွန်ဥပ​ဒေရုပ်သိမ်း​ရေး​ ဥပ​ဒေကြမ်း​အပါအဝင် အခွန်ငါး​ခုပြင်ဆင်​ရေး​ဆွဲဖို့​ ဘဏ္ဍာအခွန်ဝန်ကြီး​က တင်ပြခဲ့​ပါတယ်။

အမြတ်ခွန်ဥပ​ဒေရုပ်သိမ်း​လိုက်ရင် ဘာ​တွေထူး​ခြား​လာမလဲ ဆိုတာ​တွေနဲ့​ ပတ်သက်လို့​ စီး​ပွား​ရေး​ပညာရှင် ဦး​ဟန်ထွန်း​ (အခွန်) ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

အမြတ်ခွန်ဥပ​ဒေဟာ ဘယ်လိုဥပ​ဒေမျိုး​လဲဆိုတာ အရင်ဆုံး​ ရှင်း​ပြ​ပေး​ပါလား​။

“အမြတ်ခွန်ဥပ​ဒေဆိုတာ ၁၉၇၆ ခုနှစ်မှာ ပြဋ္ဌာန်း​လိုက်တဲ့​ ဥပ​ဒေ၊​ အဲဒီတုန်း​က ဒီအခွန်စည်း​ကြပ်မှုကို မြို့​နယ်ပြည်သူ့​ကောင်စီဝင်​တွေ၊​ တိုင်း​ဆိုလည်း​ တိုင်း​ကောင်စီဝင်​တွေက အမြတ်ခွန်စည်း​ကြပ်မှုအဖွဲ့​နဲ အယူခံအဖွဲ့​မှာ တာဝန်ယူပြီး​ ဆုံး​ဖြတ်ပိုင်ခွင့်​ကို သူတို့​ကို အပ်ရတာ​ပေါ့​။ အပ်တဲ့​အခါကျ​တော့​ သူတို့​က အခွန်နဲ့​ပတ်သက်ရင် မူလရှိတဲ့​ ဥပ​ဒေ​တွေက အင်္ဂလိပ်ဘာသာနဲ့​ ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေရှိတယ်။ ​နောက်တခါ အင်္ဂလိပ်ဘာသာကို မြန်မာလိုပြန်ထား​တဲ့​ ဝန်​ငွေခွန်ဥပ​ဒေဆိုတာ ရှိတယ်။ အဲဒါ​တွေက ရှင်း​ရှင်း​ပြောရင် ပညာအ​ခြေခံ​လေး​ရှိမှ နား​လည်နိုင်တယ်။ အဲ​တော့​ အမြတ်ခွန်ဥပ​ဒေကျ​တော့​ ပညာအ​ခြေခံ သိပ်မလိုဘဲနဲ့​ ဇယား​ကြီး​ကိုကြည့်​ပြီး​တော့​ ပုံချလို့​ရတဲ့​ဥပ​ဒေဖြစ်တယ်။ ဆိုလိုတာက​တော့​ သာမန်လူ​တွေ ဖတ်လိုက်ပြီး​တော့​ လုပ်လို့​ရ​အောင် အမြတ်ခွန်ဥပ​ဒေ ဆိုတာကို ပြဋ္ဌာန်း​ခဲ့​တာ။ မူလပြဋ္ဌာန်း​စဉ်အခါတုန်း​က သူ့​ရဲ့​ မူလရည်ရွယ်ချက်က ဆိုရှယ်လစ် စီး​ပွား​ရေး​စနစ်ကို အ​ထောက်အကူပြု​စေ​အောင်ဆိုတဲ့​ သ​ဘော​လေး​ပါတယ်။ တနည်း​ပြောရရင် ပုဂ္ဂလိက စီး​ပွား​ရေး​လုပ်ငန်း​ မဖွံ့​ဖြိုး​အောင်၊​ ပုဂ္ဂလိက စီး​ပွား​ရေး​ လုပ်ငန်း​က ကြီး​မား​မလာ​အောင် ထိန်း​ချုပ်တဲ့​သ​ဘောလည်း​ ပါတယ်။ ​ဈေး​ကွက်စီး​ပွား​ရေး​ စနစ်ဖြစ်လာတဲ့​အခါကျ​တော့​ ပုဂ္ဂလိက စီး​ပွား​ရေး​လုပ်ငန်း​ကို အ​ထောက်အကူပြုဖို့​ လိုအပ်လာတာ​ကြောင့်​ ဒီအမြတ်ခွန် ဥပ​ဒေကို ရုပ်သိမ်း​လိုက်တာ။ အဲဒီအစား​ကို ဝင်​ငွေခွန် ဥပ​ဒေနဲ့​ ပြန်စည်း​ကြပ်တာ။ ”

အမြတ်ခွန်ဥပ​ဒေကို ရုပ်သိမ်း​ဖို့​လုပ်တယ်ဆိုတာ လက်ရှိသွား​မယ်ဆိုတဲ့​ ​ဈေး​ကွက်စီး​ပွား​ရေး​စနစ်နဲ့​ ကိုက်ညီလား​။ အဲဒါ​လေး​လည်း​ ရှင်း​ပြ​ပေး​ပါဦး​။

“ဆိုရှယ်လစ် စီး​ပွား​ရေး​စနစ်ကို အ​ထောက်အကူပြုတဲ့​ အမြတ်ခွန်ဥပ​ဒေ ဖြစ်ခဲ့​တဲ့​အတွက်​ကြောင့်​ ​ဈေး​ကွက်စီး​ပွား​ရေး​ စနစ်သွား​မယ်ဆိုရင် အဲဒီအမြတ်ခွန် ဥပ​ဒေက စာရင်း​အင်း​တွေ မလိုဘူး​။ မှန်း​လုပ်လို့​ရတယ်။ ဝင်​ငွေခွန်ဥပ​ဒေကျ​တော့​ စာရင်း​တွေဘာ​တွေ လိုအပ်လာတယ်။ အဆင့်​နည်း​နည်း​ ပိုပြီး​တော့​ အမြတ်ခွန်ဥပ​ဒေနဲ့​စာရင် ပိုမြင့်​လာတယ်။ ပိုမြင့်​လာပြီး​ စီး​ပွား​ရေး​လုပ်ငန်း​တွေကို စနစ်တကျနဲ့​ စာရင်း​အင်း​နဲ့​ လုပ်မယ်ဆိုရင် ဝင်​ငွေဥပ​ဒေနဲ့​ စည်း​ကြပ်တာဟာ ပိုပြီး​ မျှတမှု ရှိနိုင်တယ်လို့​ သ​ဘောတရား​ရေး​အရ အဲလိုယူဆရတ​ပေါ့​။”

အဲဒီ​တော့​ ဘယ်သူ​တွေ သက်သာရာရလဲ၊​ ဘယ်လုပ်ငန်း​တွေ ဖွံ့​ဖြိုး​လာနိုင်လဲ။

“အဲဒီလို​တော့​ ​ပြောမရဘူး​။ ဝင်​ငွေခွန်ဥပ​ဒေနဲ့​ အမြတ်ခွန်ဥပ​ဒေက ဥပ​ဒေသ​ဘောအရကို ဝင်​ငွေခွန်ဥပ​ဒေက နည်း​နည်း​ပိုပြီး​တော့​ အခွန်ဥပ​ဒေဆန်တယ်။ နည်း​နည်း​လေး​ သက်သာခွင့်​ပေး​တာ​တွေ နှုန်း​တွေဘာ​တွေ ဆိုတဲ့​နေရာမှာ ​ပြောင်း​လဲမှု ရှိသွား​တာ​ပေါ့​။ ဘယ်ဟာက ပိုပြီး​တော့​ ဘယ်လိုဖြစ်မယ်လို့​တော့​ ​ပြောလို့​မဖြစ်နိုင်ဘူး​။ ဒါက လက်​တွေ့​အ​ကောင်အထည်​ဖော်တဲ့​ ​နေရာမှာ အများ​ကြီး​စကား​ပြောသွား​တယ်။”

သူက အမြတ်ခွန်ဥပ​ဒေကို ဖျက်သိမ်း​ပြီး​တော့​ ဝင်​ငွေခွန်ဥပ​ဒေကို ​ကောက်မယ်ဆိုပြီး​ ဆရာ​ပြောသလိုဆိုရင် ဒါက အစိုး​ရရဲ့​ ရသင့်​ရထိုက်တဲ့​ အခွန်ဘဏ္ဍာပိုရသွား​နိုင်သလား​။ ဘယ်လိုထူး​ခြား​ချက် ရှိနိုင်သလဲ။

“မထူး​ပါဘူး​။ ပိုရလိမ့်​မယ်လို့​ ​ပြောလို့​လည်း​ မရဘူး​။ ​လျော့​သွား​မယ်လို့​လည်း​ ​ပြောမရဘူး​။ ဘာလို့​လဲဆို​တော့​ အခွန်က​တော့​ အမြတ်ခွန်ဥပ​ဒေအတိုင်း​ပဲ စည်း​ကြပ်စည်း​ကြပ်၊​ ဝင်​ငွေခွန်ဥပ​ဒေနဲ့​ပဲ စည်း​ကြပ်စည်း​ကြပ် အခွန်လျာထား​ချက် ပြည့်​မီ​ရေး​ဆိုတဲ့​ ရည်မှန်း​ချက်ကြီး​နဲ့​ပဲ အဓိကထား​ အလုပ်လုပ်​နေ​တော့​ ဟိုတုန်း​က ၁ သိန်း​ကျတဲ့​လူက အခုလည်း​ ၁ သိန်း​ (သို့​မဟုတ်) ၁ သိန်း​ ၂ ​သောင်း​ ၊​ ၁ သိန်း​ ၅ ​သောင်း​ ဖြစ်ချင်ဖြစ်လာမယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ဘတ်ဂျက်လို​ငွေ လျာထား​ချက် တက်လာတာနဲ့​အမျှ အဲဒီအ​ပေါ်မှာ အခွန်ကတက်သွား​မှာပဲ။”

လုပ်ငန်း​ကိုင်ငန်း​တွေလည်း​ ဖွံ့​ဖြိုး​လာ​စေ၊​ နိုင်ငံ​တော်လည်း​ ရသင့်​ရထိုက်တဲ့​ အခွန်အခရ​စေဆိုရင်လည်း​ ဆရာတို့​ ဘယ်လိုအကြံပြုချင်ပါသလဲ။

“နံပါတ်တစ်က​တော့​ ကင်း​လွတ်ခွင့်​ သက်သာခွင့်​ ​ပေး​ထား​တဲ့​ ကိစ္စ​တွေရှိတယ်။ အဲဒီကိစ္စ​တွေကို ပြန်လည်စိစစ်ဖို့​ လိုတယ်။ ဆိုလိုတာက Level playing ground မဖြစ်တာ​တွေ​ပေါ့​။ အလုပ်အတူတူပဲ။ တချို့​အလုပ်​တွေက အခွန်သက်သာခွင့်​ ကင်း​လွတ်ခွင့်​ရ​နေတယ်။ တချို့​က မရဘူး​ဆို​တော့​ ဒါက Level playing ground မဖြစ်ဘူး​ပေါ့​။ ကျ​နော်​ပြောချင်တာက ကင်း​လွတ်ခွင့်​သက်သာခွင့်​ ​ပေး​ထား​တဲ့​ ကိစ္စ​တွေကို ပြန်လည်စိစစ်ရုပ်သိမ်း​ပေး​ဖို့​သင့်​တယ်။ ဘာလို့​လဲဆို​တော့​ ကင်း​လွတ်ခွင့်​ သက်သာခွင့်​ပေး​ထား​တဲ့​ ပမာဏက မနည်း​လို့​ကျ​နော်က​ပြောတာ။ အဲဒါ​တွေ ပြန်လည်စိစစ်ရုပ်သိမ်း​ဖို့​ လိုအပ်တယ်။

“နံပါတ်နှစ်က အခွန်နှုန်း​တွေကို သိပ်များ​စရာမလိုဘူး​။ အခွန်နှုန်း​နိမ့်​နိမ့်​နဲ့​ အခွန်အ​ခြေခံ ချဲ့​ရမယ်။ အခွန်အ​ခြေခံဆိုတာ​တော့​ အခွန်ထမ်း​သင့်​ ထမ်း​ဆောင်ထိုက်တဲ့​ လူဦး​ရေ​ပေါ့​၊​ ပမာဏ များ​များ​ပါ​အောင်လုပ်ပြီး​တော့​ အခွန်နှုန်း​ကို နည်း​နည်း​နဲ့​ စည်း​ကြပ်လို့​ရှိရင် ​ပေး​ရတဲ့​လူကလည်း​ သက်​သောင့်​သက်သာ​ပေး​ရတဲ့​အတွက် အခွန်ပိုရလာနိုင်တယ်။ အဲဒီ နှစ်ချက်ကို​တော့​ ကျ​နော်​ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013