DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့တွင် စံချိန်တင် ပူပြင်း
DVB
·
April 20, 2016
ဖြူးမြို့တွင်  စံချိန်တင် ပူပြင်း
Donate to DVB

ပဲခူးတိုင်း ဖြူးမြို့မှာ နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ဧပြီ ၂၀ ရက် ဒီနေ့မှာ အပူချိန် ၄၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်တင်ပူပြင်းခဲ့တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့ မွန်းလွဲပိုင်း မိုးလေ၀သဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့တယ်လို့ သိရပါတယ်။

ထူးခြားတဲ့ နေ့အပူချိန်များမှာ ဘော်လခဲမြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်စီ၊ ရမည်း သင်းမြို့နှင့် တောင် တွင်းကြီးမြို့တို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါတယ်။

အယ်လ်နီညိုလို့ခေါ်တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် အကျိုးသက်ရောက်မှုကြောင့် မြန်မာ နိုင်ငံမှာ အပူချိန်မြင့်မားနေပြီး ထားဝယ်၊ မြိတ်၊ ဖြူး၊ ဟဲဟိုး စတဲ့ မြို့အတော်များများမှာ စံချိန်တင် ပူပြင်းခဲ့ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာ အပူချိန်မြင့်မားမှု ကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပြီး ကျန်ပြည်နယ်တိုင်းများရှိ ဒေသတချို့မှာလည်း သောက်သုံးရေပြတ်လပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013