DVB Logo
Home
မြန်မာသတင်း
မြန်မာ့သတင်းလွတ်လပ်ခွင့် ၁ ဆင့်တက်လာ
DVB
·
April 20, 2016
မြန်မာ့သတင်းလွတ်လပ်ခွင့် ၁ ဆင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့နှစ်က အဆင့် ၁၄၄ ရှိရာကနေ အခုနှစ်မှာ အဆင့် ၁၄၃ ကို တက်လာတယ်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့် လေ့လာနေတဲ့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းမီဒီယာ လွတ်လပ်အမှီအခိုကင်းမှု၊ ဆင်ဆာဖြတ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဖိနိပ်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ထုတ်ပြန်တဲ့  World Press Freedom Index 2016  မှာဖော်ပြထားတာပါ။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ၂၀၁၀ ပြည့်နှစ်က အဆင့် ၁၇၄ ထိ အဆိုးဆုံးကျဆင်း ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရက စာပေစိစစ်ရေးစနစ် ဖျက်သိမ်းလိုက်ပြီးနောက် တဖြည်းဖြည်း ပြန်တက်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိ သမ္မတဦးထင်ကျော် အစိုးရသစ်လက်ထက်မှာတော့ အရင်အစိုးရလက်ထက်ကတည်းက နှစ်ရှည် အကျဉ်းကျခံနေရတဲ့ ယူနတီဂျာနယ် သတင်းသမားတွေကို ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့ကပဲ ထောင်က  ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာ့သတင်းလွတ်လွပ်ခွင့် ဒီထက်ပိုမိုတိုးတက်လာအောင် တရားစွဲခံနေရတဲ့ သတင်းသမားတွေအရေး ဆောင်ရွက်ပေးဖို့နဲ့ သတင်းသမားတွေကို ဥပဒေကြောင်းအရ အကာကွယ်ပေးဖို့တွေ အစိုးရသစ်က ဆောင်ရွက်ပေးစေချင်တယ်လို့  မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“ယူနတီသတင်းသမားတွေ လွတ်သွားပြီးဆိုတော့ ဖမ်းဆီးခံထားရတဲ့သတင်းသမား တစ်ယောက်မှ မရှိတော့ဘူးလို့ ပြောလို့ရတယ်။ တရားစွဲခံတားရတဲ့အမှုတွေတော့ ရှိနိုင်ပါတယ်။ ရန်ကုန်နဲ့ တချို့နယ်တွေ မှာရှိတယ်။ ကချင်ပြည်နယ်မှာ တမှုနှစ်မှုလောက်ရှိတယ်။ နောက် သတင်းသမားတွေ တစုံတရာ အန္တရာယ်ကျရောက်တာတို့ အကြမ်းဖက်ခံရတာတို့ အဲ့လိုမျိုး ဖြစ်တဲ့အခါမှာ တရားစီရင်ရေး လွတ်လပ်သလား၊ သက်ဆိုင်ရာလက်နက်ကိုင် အဖွဲအစည်းတွေ ရဲတို့ အုပ်ချုပ်ရေးတို့က အကာကွယ်ပေးသလား၊ အဲလိုမျိုးတွေက အရေးပါတယ်ပေါ့။ သတင်းသမားတွေ ကိုယ့်အလုပ်ကိုကိုယ် ပြည့်ပြည့်၀၀လုပ်ဆောင်နိုင်ဖို့ဟာ အဲဒါမျိုးတွေ လုပ်ပေးဖို့လည်း လိုတယ်။ နောက် ဥပဒေပိုင်းဆိုင်ရာကျရင်တော့ သတင်းသမားတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေတွေ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေစတာတွေကို ပြင်ဆင်ဖို့ဟာတွေ ပြန်သုံးသပ်ဖို့ အစိုးရသစ်က အဲဒါတွေကို လုပ်ပေးဖို့တော့လိုတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ  ကမ္ဘာတ၀န်းလုံးအတိုင်းအတာနဲ့  သတင်းလွတ်လပ်ခွင့် ယိုယွင်း ကျဆင်းလာနေပြီး အထူးသဖြင့် လက်တင်အမေရိကနိုင်ငံတွေမှာ ပိုမိုဆိုးရွာလာကာ ၀ါဒဖြန့်ချိရေး ခေတ်သစ်ဖြစ်လာနေပြီလို့  RSF အဖွဲ့က ပြောပါတယ်။

ဒီအဖွဲ့ရဲ့ ဒီကနေ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ သတင်းလွတ်လပ်ခွင့်အရှိဆုံး ထိပ်တန်း ၅  နိုင်ငံကတော့ ဖင်လန်၊ နယ်သာလန်၊ နော်ဝေ၊ ဒိန်းမတ်နဲ့   နယူးဇီလန်နိုင်ငံတွေ ဖြစ်ပြီး သတင်းလွတ်လပ်ခွင့် အဆိုးရွာဆုံး အောက်ဆုံး ၅ နိုင်ငံ ကတော့ အီရီထရီးယား၊ မြောက်ကိုရီးယား၊ တခ်မန်နစ္စတန်၊ ဆီးရီးယားနဲ့ တရုတ်နိုင်ငံတွေ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ ဗီယက်နမ်က အဆင့် ၁၇၅ နဲ့အဆိုးဆုံးဖြစ်ပြီး လာအိုက ၁၇၃၊ စင်ကာပူက ၁၅၄၊ မလေးရှားက ၁၄၆၊ မြန်မာက ၁၄၃၊ ဖိလစ်ပိုင်က ၁၃၈၊ ထိုင်းက ၁၃၆၊ အင်ဒိုနီးရှားက ၁၃၀ နဲ့ ကမ္ဘောဒီးယားက ၁၂၈ အသီးသီးရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013