DVB Logo
Home
မြန်မာသတင်း
ကလေးအလုပ်သမားပြဿ နာ ဖြေရှင်းရမည့်အရေး အစိုးရသစ်အတွက် စိန်ခေါ်မှု ဖြစ်
DVB
·
April 20, 2016
ကလေးအလုပ်သမားပြဿ     နာ ဖြေရှင်းရမည့်အရေး အစိုးရသစ်အတွက် စိန်ခေါ်မှု ဖြစ်
Donate to DVB

ကလေးအလုပ်သမား ပြဿနာကို ဖြေရှင်းရမယ့် အရေးဟာ အန်အယ်လ်ဒီ အစိုးရသစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။

ကလေး အလုပ်သမားတွေဟာ သူတို့ရဲ့ ဆင်းရဲတဲ့မိသားစုဘ၀ စားဝတ်နေရေး ဖြေရှင်း ထောက်ပံ့နိုင်ဖို့အတွက် ကျောင်းနေအရွယ်မှာ အလုပ် လုပ်ကိုင်နေကြရတာပါ။ ကလေးအလုပ်သမား အများစုဟာ ကျေးရွာတွေ၊ မြို့စွန်တွေမှာ နေထိုင်ကြသူတွေ ဖြစ်ပြီး စားသောက်ဆိုင်၊ စက်ရုံ၊ လှေဆိပ်၊ ဈေးတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မိဘတွေနဲ့အတူ အလုပ် လုပ်ကိုင်နေကြပြီး ၀င်ငွေရဖို့ ကြိုးပမ်းနေကြတာပါ။

ငါးဈေး ကလေး လုပ်သား ထွန်းမင်း က “ဒိုင်ထဲမှာ ငါးပွဲစားဖြစ်ချင်တယ်။ ပိုက်ဆံရှိလို့ကတော့ ငါးပွဲစားလုပ်ချင်တာ။ အဲ့တာက မြိုးမြိုးမြက်မြက် ရတယ်။ ပိုက်ဆံလည်းရတာပေါ့။”လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အသက် ၁၇ နှစ်ကနေ ၁၀ နှစ်အကြား ကလေး ၅ ယောက်မှာ ၁ ယောက်က ကျောင်းနေရမယ့်အစား လုပ်ငန်းခွင်တွေထဲမှာ လုပ်ကိုင် နေကြရတယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ သန်ခေါင်းစာရင်း အချက်အလက်တွေက ဆိုပါတယ်။ မိခင်နဲ့အတူ ကလေးတယောက် အလုပ်လုပ်ရင် ၂ ယောက်ပေါင်း ၀င်ငွေဟာ တရက်ကို ကျပ် ၁၀၀၀၀ လောက်အထိ အမြင့်ဆုံးရရှိကြပါတယ်။ ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံစီးပွားရေး လမ်းဖွင့်လိုက်ချိန်ကစလို့ လုပ်သား လိုအပ်ချက်ကလည်း ရှိနေပါတယ်။ ဒါကြောင့် အခု အစိုးရသစ် လက်ထပ်မှာ ကလေးအလုပ်သမားတွေရဲ့ ပြဿနာကလည်း မဖြစ်မနေ ဖြေရှင်းရမယ့် စိန်ခေါ်မှုတခု ဖြစ်နေတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါက်တာဒေါ်မေ၀င်းမြင့် က        “အဲ့တော့ အန်တီတို့က ဒါကိုမှ မဖယ်ရှားနိုင်ရင် တိုင်းပြည်အနာဂတ်က ဖွံ့ဖြိုးမှု ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီကလေးတွေက ဆက်လက်တာဝန်ယူရမယ့် လူတွေလေ။ သူတို့က ပညာတတ်ဖြစ်မှ ဒီဟာကို လုပ်နိုင်မှာလေ။ နောက်ပိုင်းကျရင် တော့ Law တခုထုတ်ပြီးတော့ လုပ်သင့်ရင်လည်း လုပ်ရတော့မယ်။ ဘယ်အသက် အရွယ်ကျမှ အလုပ်လုပ်နိုင်လည်း ဆိုတာမျိုးတွေလေ”လို့ ဆိုပါတယ်။

ယူအန် ဖွံ့ဖြိုးရေးအစီအစဉ်ကတော့ မြန်မာအစိုးရအနေနဲ့ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ဆောင်ပေးဖို့ လိုအပ်နေပြီး၊ မိသားစု ဆင်းရဲမွေတေမှုတွေကနေ လွတ်မြောက်အောင် ကူညီပေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013