DVB Logo
Home
မြန်မာသတင်း
ရေပြတ်လပ်နေသည့် ဒလမြို့နယ်အတွင်း ပထမဦးဆုံး ရေသွားလှူ
DVB
·
April 19, 2016
ရေပြတ်လပ်နေသည့် ဒလမြို့နယ်အတွင်း ပထမဦးဆုံး ရေသွားလှူ
1 / 5
Donate to DVB

သောက်သုံးရေ ပြတ်လတ်နေတဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်က စံပြရပ်ကွက်မှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့နဲ့ ဦးနေမျိုးဇင်တို့အဖွဲ့ ပူးပေါင်းပြီး ဒီကနေ့ ပထမဦးဆုံး သွားရောက်လှူဒါန်းနေပါတယ်။

“ရေအခက်အခဲက တော်တော်အခြေအနေဆိုးတယ်ဗျာ။ ရာသီဥတုလည်း ၄၅ ဒီကရီလောက်ပူ တယ်ဗျာ။ ရေတွေက အခု ကျနော်ရောက်ခဲ့တဲ့ စံပြရပ်ကွက်ဆိုရင် နောက်လေးငါးရက်ဆိုရင် လုံးလုံး ရေပြတ်တော့်မယ့် အနေအထားတွေ တွေ့ခဲ့ရတယ်။ အခုတောင်မှ ၁ ပေနဲ့ ၃ လက်မ အနက်လောက်ပဲ ရှိတော့တဲ့ ရေကန်ကြီးထဲ ရေနောက်ကြီးတွေ၊ ရေ၀ါအနှစ်ကြီးတွေကို သောက်နေကြရတယ်။ ရေလှူတဲ့အဖွဲ့တွေ မရောက်လာသေးဘူးပေါ့နော်။ အခု ကျနော်တို့ ရောက်တဲ့ရပ်ကွက်ကို။ အဲတော့ ကျနော်တို့ရယ်၊ ခွတ်ဒေါင်းမျိုးဆက်ရယ် ပူးပေါင်းပြီးတော့ ရေဂါလန် ၂၅၀၀ လောက်ရယ်၊ ရေသန့်ဘူး ၃၀၀ ကျော်ရယ် ဒီကနေ့ မျှဝေဖြန့်ပေးပါတယ်။”

ဒလမြို့နယ်မှာ နှစ်စဉ်လိုလို နွေရာသီမှာ ရေရှားပါးမှု ပြဿ   နာတွေ ကြုံတွေ့နေရပြီး ဒီနှစ် အယ်လ်နီညိုရာသီဥတုကြောင့် ပိုပြီး ရေအခက်အခဲတွေ တွေ့နေရပါတယ်။

လက်ရှိ စံပြရပ်ကွက်တခုထဲမှာတင် အိမ်ခြေ ၆၀၀ ကျော်ရှိနေပြီး တခြားမြို့နယ်တခုလုံးမှာ ဒီထက်မက ရေအခက်အခဲကြံတွေ့နေရပါတယ်။

ရန်ကုန်တိုင်းအတွင်း ဒလအပြင်၊ ကွန်းခြံကုန်း၊ ကော့မှူးဘက်မှာလည်း ရေပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

အလားတူ မကွေးတိုင်း၊ မန္တလေးတိုင်းတွေဘက်မှာလည်း ပူပြင်းတဲ့ရာသီဥတုကြောင့် ကျေးရွာတော်တော်များများလည်း သောက်သုံးရေ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ဓာတ်ပုံ - ကိုနေမျိုးဇင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013