DVB Logo
Home
မြန်မာသတင်း
သနပ်ပင်မြို့နယ်အတွင်း ကျေးရွာ ၂၅ ရွာခန့် သောက်သုံးရေပြတ်လပ်
DVB
·
April 19, 2016
သနပ်ပင်မြို့နယ်အတွင်း ကျေးရွာ ၂၅ ရွာခန့် သောက်သုံးရေပြတ်လပ်
Donate to DVB

ပဲခူးတိုင်း သနပ်ပင်မြို့နယ်အတွင်းက ကျေးရွာ ၂၅ ရွာခန့်သောက်သုံးရေးပြတ်လပ်နေပြီး အရေးအပေါ် အကူညီတွေလိုအပ်နေတယ်လို့ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

သနပ်ပင်မြို့နယ်ထဲက ကသစ်ခုံရွာကုန်း၊ ကပင်၊ အောင်ဘုံ၊ ကမာခနိမ်၊ ရွာဟောင်း၊ လွမ်းပြေ၊ ကမ်းပြို၊ သနတ္တန်း၊ ကျွဲတဲ၊ ရွှေလှေစု၊ ကံကြီးဝိုင်၊ ကျားခေါင်း၊ ငှက်ပျောတော၊ ကုလားချောင်း ကလေး၊ အောက်သောင်အစရှိတဲ့ ရွာတွေ သောက်သုံးရေ ပြတ်လတ်နေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကသစ်ခုံရွာကုန်းကို ရေသွားရောက်လှူဒါန်းနေပြီး အဆိုပါရွာက စစ်တောင်းမြစ်ကမ်းပြိုမှုကြောင့် ရေတွင်းတွေပျက်စီးသွားသလို ရှိနေတဲ့ ရေကန်တခုလည်း ရေခန်းနေ တယ်လို့လည်း ဦးမြင့်ဦးက ပြောပါတယ်။

“အန်ကယ်က အခု ကသစ်ခုံရွာကုန်းကို ရောက်နေတယ်။ အဲဒီမှာ သောက်ရေကတော့ လုံးဝ မရှိဘူး။ သုံးရေကတော့ ကန်ထဲက နည်းနည်းပါးပါးသုံးလို့ရတယ်။ သောက်ရေက သင်္ကြန်တွင်း မှာ အန်ကယ်တို့လုံးဝ မပို့နိုင်တဲ့ အခါကျတော့ လုံးဝ ပြတ်နေတာပေါ့နော်။ ကားကလည်း ခဲရာခဲဆစ်ပဲ လာရတယ်။ ကားမရောက်သေးဘူး။ အန်ကယ်တို့က ဆိုင်ကယ်နဲ့လာတယ်။ အဲဒီ ရွာက ကမ်းပြိုထားတဲ့ရွာပေါ့။ ကမ်းပြိုတာကလည်း တရွာလုံးနီးပါးပေါ့။ အိမ်ခြေက ၁၃၀ လောက် ရှိတယ်။ အဲတော့ ရာယီရွှေ့ပြောင်းပြီးတော့နေရတာပေါ့။ အဲတော့ သောက်ရေကန်တွေလည်း အားလုံးပါကုန်တယ်။ ဘုန်းကြီးကျောင်းကန်တကန်ပဲကျန်တယ်။ ဒီကန်ကလည်း သောက်လို့ရတဲ့ အဆင့်မျိုးမဟုတ်ဘူး။ သောက်ရေကတော့ အန်ကယ်တို့လာလှူတဲ့ဟာကိုပဲ သူတို့က မှီခိုပြီးတော့ သောက်ရတာ။”

အဆိုပါရေပြတ်လပ်နေတဲ့ ကျေးရွာ ၂၅ ရွာမှာ လူဦးရေ ၅ သောင်းလောက်ဟာ ရေအခက်အခဲ ကြုံတွေ့နေရတာလို့လည်း ပြောပါတယ်။

ဒါ့အပြာင် ဒီလိုဆက်လက်ပြီးနေပူပြင်းနေရင် ဒီရပ်ပိုင်းလေက်အတွးမှာပဲ ရွာပေါင်း ၄၀ လောက် ရေပြတ်လပ်မယ့်အနေအထားဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့ကြောင့် အလှူရှင်တွေ များများ ရေလာရောက်လှူဒါန်းဖို့လည်း ဖိတ်ခေါ်ထာပါတယ်။

“အန်ကယ်တို့ကတော့ အလှူရှင်တွေ ဖိတ်ခေါ်ပြီးတော့ လာလှူတာပေါ့လေ။ နောက် ကျေးလက် ဒေသဦးစီးဌာနကလည်း ရေပံ့ပိုးပေးတာလည်းရှိတယ်။ သူတို့ကလည်း သင်္ကြန်တွင်းမှာ မပေးနိုင်ဘူး။ အခုသင်္ကြန်ပြီးတဲ့အခါကျတော့လည်း သူတိုဆီက ကားအဆင်မပြေသေးဘူး။ အန်ကယ်တို့ ရေကားတွေ ရောက်တဲ့အခါ သူတို့က အိုးတွေခွက်တွေနဲ့ခံတာပေါ့။ အဲဒါက တရက်နှစ်ထက် ပိုသောက်လို့မရဘူး။ ဒါကြောင့်မို့ အန်ကယ်တို့ ယာယီကန်တွေ တာလပတ်ကန် တွေကို အလှူရှင်တွေကို ဖိတ်ခေါ်တယ်။ ကျေးလက်ဦးစီးဌာနကလည်း လှူပေးတာရှိတယ်။ ဒါပေမယ့် လုံလောက်တဲ့အနေအထားတော့ မရှိသေးပါဘူး။”

ပဲခူးတိုင်းအတွင်းမှာ ပဲခူး၊ က၀၊ သနပ်ပင်မြို့နယ်တွေမှာ သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး သနပ်ပင်မြို့နယ်က အဆိုးဆုံးဖြစ်တယ်လို့လည်း ဦးမြင့်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013