DVB Logo
Home
မြန်မာသတင်း
ကချင်အမျိုးသမီးဂျာနယ်လစ် ပူလစ်ဇာဆုရ
DVB
·
April 19, 2016
ကချင်အမျိုးသမီးဂျာနယ်လစ် ပူလစ်ဇာဆုရ
Donate to DVB

ငါးဖမ်းလုပ်ငန်းမှာ အတင်းအကျပ် ကျွန်ပြုခိုင်းစေခံရတဲ့ အလုပ်သမား ၂ ထောင်ကျော် လွတ်မြောက်ရေး ဖော်ထုတ်ရေးသားခဲ့တဲ့ ကချင်အမျိုးသမီးသတင်းထောက် အက်စ်သာ ထုဆန် အမေရိကန် သတင်းစာလောကရဲ့ အမြင့်ဆုံး ပူလစ်ဇာဆု ရရှိခဲ့ပါတယ်။

ထိုင်းငါးဖမ်းစက်လှေတွေမှာ ငါးဖမ်းခိုင်းဖို့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတခုမှာ လူကုန်ကူးခံရပြီး ဖမ်းဆီးအကျဉ်းခံထားရတဲ့ မြန်မာအပါအ၀င် ရေလုပ်သားတွေနဲ့ ပတ်သက်တဲ့ အေပီသတင်းက ပူလစ်ဇာဆုကို ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနဲ့  ရရှိခဲ့ပါတယ်။

ဒီသတင်းကို အေပီသတင်းထောက်တွေဖြစ်တဲ့ မက်ဂီမန်ဆန်၊ ရော်ဘင်မက်ဒေါဝယ်၊ မာသာမန်ဒိုဇာနဲ့ မြန်မာသတင်းထောက်  အက်စ်သာ ထုဆန် တို့က ပူးပေါင်းရေးသားခဲ့တာ ဖြစ်ပါတယ်။

သတင်းအတွက် အချိန် တနှစ်ကျော် အချိန်ယူရသလို လူကုန်ကူးပြီး ကျွန်အဖြစ် ဖမ်းဆီးခံရတဲ့ ရေလုပ်သားတွေရဲ့ ဘ၀၊ စက်ရုံတွေကနေ ဆူပါမားကတ်တွေမှာ ရောင်းချတဲ့ ပင်လယ်စာတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်ကို ရေးသားထားတာ ဖြစ်ပါတယ်။

သတင်းကြောင့် ဖမ်းဆီးခံရတဲ့ ရေလုပ်သားတွေ၊ တခြားအလုပ်သမားတွေလည်း လွတ်မြောက်ခဲ့ သလို သူတို့ကို အကျဉ်းချထားတဲ့သူတွေနဲ့ ဆက်နွှယ်ပတ်သက်တဲ့ သူတွေကို ဖမ်းဆီးနိုင်ခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013