DVB Logo
Home
မြန်မာသတင်း
စာပို့လုလင်ကို လမ်းမပေါ်ဆဲဆိုထိုးနှက်သည့် ကားပိုင်ရှင်ရုပ်သံဖိုင် ဝေဖန်မှုမြင့်တက်(ရုပ်သံ)
DVB
·
April 19, 2016
စာပို့လုလင်ကို လမ်းမပေါ်ဆဲဆိုထိုးနှက်သည့် ကားပိုင်ရှင်ရုပ်သံဖိုင် ဝေဖန်မှုမြင့်တက်(ရုပ်သံ)
Donate to DVB



တရုတ်နိုင်ငံ ဘေကျင်းမြို့ လမ်းမတခုပေါ်မှာ ဧပြီလ ၁၇ ရက်နေ့က ကားပိုင်ရှင် အမျိုးသားတဦးဟာ စာပို့သမားလူငယ်တဦးကို ဆဲဆိုရိုက်နှက်ခဲ့တဲ့ ရုပ်သံဗီဒီယိုဟာ ဝေဘို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

အဲဒီစာပို့သမားလူငယ်ဟာ သူ့ရဲ့ကားနဲ့တိုက်မိခဲ့ချိန်မှာ ကားပိုင်ရှင်အမျိုးသား ဟာ တော်တော်ဒေါသထွက်နေခဲ့တာလို့ ရဲတွေက ပြောပါတယ်။

တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီအမျိုး သားဟာ စာပို့သမားလူငယ်ကို ကြမ်းကြမ်းတမ်း ဆဲဆိုပြီး အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့တာကို တွေ့ရပါတယ်။

စာပို့သမားလူငယ်ဟာ ဘာတခုမှပြန်လည်တုံ့ပြန်စကားမပြောပဲ တချိန်လုံးငြိမ်ခံ နေခဲ့ပြီး အနီးနားကလူ ၂ ဦးက ဖြန်ဖြေဖို့ ကြိုးစားခဲ့ကြတာပါ။

စာပို့သမားလူငယ်ဟာ SF Express ချောစာပို့လုပ်ငန်းမှ ၀န်ထမ်းတဦးဖြစ်ပြီး ခု လိုရိုက်နှက်ခံရပြီးနောက်မှာ တစ်ရှုးတွေထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကိုပို့ကာ ဆေးကု သပေးခဲ့ရတယ်လို့ ဝေဘိုစာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။

“ကျနော်တို့ရဲ့ စာပို့ဝန်ထမ်းဟာ အသက် ၂၀ အရွယ်ကလေးပဲ ရှိပါသေးတယ်။ သူတို့တွေဟာ ဘယ်လိုရာသီမျိုးမှာဖြစ်ဖြစ် လမ်းတိုင်းကို ၀င်ထွက်သွားလာပြီး အပြုံးမ ပျက်ဝန်ဆောင်မှုပေးကြရတာပါ။ ခုလိုဖြစ်ခဲ့ရတာကို နားလည်မှုပေးနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ လေးစားမှုရှိဖို့က ပထမဦးစားပေးပါပဲ။”

စာပို့သမားလူငယ်ဟာ သူ့အနေနဲ့ လမ်းစည်းကမ်းချိုးဖောက်မောင်းနှင်ခဲ့တာမျိုး လည်းမရှိခဲ့ဘူးလို့ ရဲတွေကို ထုတ်ဖော်ပြောခဲ့ကာ ခုချိန်မှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013