DVB Logo
Home
မြန်မာသတင်း
Chevron ကုမ္ပဏီပိုင် မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းများ ရောင်းမည်
DVB
·
April 19, 2016
Chevron ကုမ္ပဏီပိုင် မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းများ ရောင်းမည်
Donate to DVB

အမေရိကန်ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီး Chevron  ဟာ သူရဲ့ မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်း ပိုင်ဆိုင်မှုတွေကို  ရောင်းချဖို့ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Chevron ဟာ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ရတနာနဲ့ စိန်သဘာဝဓာတ်ငွေ့တွင်းတွေရဲ့ ၂၈ ဒသမ ၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့ပြင်  ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ပို့လွှတ် တဲ့  ပိုက်လိုင်းကုမ္ပဏီရဲ့ တချို့တ၀က်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အရောင်းအ၀ယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ကုမ္ပဏီအချင်းချင်းအကြား မြန်မာနိုင်ငံမှာရှိတဲ့ သူ့ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို အရောင်းအ၀ယ်လုပ်ရာမှာ တန်ဖိုးအကြီးဆုံးဖြစ်လာမယ်လို့ ရိုက်တာသတင်းက ရေးသားဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ လောက် ရင်းနှီးမြှုပ်နှံခဲ့တဲ့ Chevron ရဲ့ ဓာတ်ငွေ့လုပ်ငန်း အရောင်းအ၀ယ်အတွက် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ်တခုနဲ့ ဆောင်ရွက်နေပြီး အရောင်း အ၀ယ်ကို ထုတ်ဖော်မကြေညာရသေးတဲ့အတွက် ကုမ္ပဏီအမည်ကို တော့မသိရသေးပါဘူး။

ဝယ်ယူလိုသူ ဒါဇင်ဝက် လောက်ရှိနိုင်ပြီး  သြစတြေးလျက  Woodside Petroleum ထိုင်းက  PTT၊ ဂျပန်ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေ ပါဝင်နိုင်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013