DVB Logo
Home
မြန်မာသတင်း
စတုတ်ကို ဂိုးပြတ်နိုင်ပြီး အမှတ်ကွာဟချက် လျော့ချနိုင်သည့် စပါး (ရုပ်သံဟိုက်လိုက်)
DVB
·
April 19, 2016
စတုတ်ကို ဂိုးပြတ်နိုင်ပြီး အမှတ်ကွာဟချက် လျော့ချနိုင်သည့် စပါး (ရုပ်သံဟိုက်လိုက်)
Donate to DVB



အင်္ဂလန် ပရီးမီးယားလိဂ်က တော့တင်ဟမ်ဟော့စပါးအသင်းက စတုတ်အသင်းကို ၄ ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ လက်စတာနဲ့ အမှတ် ကွာဟချက်ကို လျော့ချလိုက်ပါတယ်။

ပွဲစပြီး ၉ မိနစ်အကြာမှာပဲ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကအဖွင့်ဂိုး သွင်းယူပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။

ဒီနောက် ဒုတိယပိုင်း ၆၇ မိနစ်မှာ အလီက ဒုတိယဂိုးသွင်းယူသလို ၇၁ မိနစ်မှာ ဟယ်ရီကိန်းက တတိယဂိုးနဲ့ ၈၂ မိနစ်မှာ အလီက စတုတ္ထဂိုး ထပ်မံသွင်းယူပါတယ်။

စတုတ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားရတဲ့ပွဲမှာ စတုတ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးရ ယူခဲ့ပေမယ့် စပါးက ဂိုးပေါက်ကန်သွင်းခွင့်ကို အသာစီးရယူနိုင်ခဲ့ပါတယ်။

စပါးအသင်းရဲ့ အနိုင်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ လက်စတာ အသင်းနဲ့ အရင်က အမှတ်ကွာဟချက် ၇ မှတ်ကနေ ၅ မှတ်အထိ လျော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013