DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ကြက်တုပ်ကွေးပိုးသံသယဖြင့် ကောင်ရေ ၆၀၀၀ ခန့် သုတ်သင်ရှင်းလင်း
DVB
·
April 16, 2016
မုံရွာတွင် ကြက်တုပ်ကွေးပိုးသံသယဖြင့် ကောင်ရေ ၆၀၀၀ ခန့် သုတ်သင်ရှင်းလင်း
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာဥစားကြက်မွေးမြူရေးဇုန်မှာ ကြက်ငှက်တုပ်ကွေးရောဂါပိုး သံသယနဲ့ ကြက်ကောင်ရေ ၆၀၀၀ လောက် သုတ်သင်ရှင်းလင်းခဲ့ရပြီလို့ တိုင်းမွေးမြူရေးလုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာကျော်လွင်ဦးက ပြောပါတယ်။

“သူ့ဘာသူ သေတာကတော့ အားလုံးပေါင်း ၃၀၀ ကျော်လောက်ပဲ ရှိမယ်။ ဒါပေမယ့် အဲ့ဒီခြံတွေမှာ မသေသေးဘူး၊ ဒီခြံမှာ ကြက်ငှက်တုပ်ကွေးရောဂါပိုး ၀င်ပြီလို့ သံသယရှိတဲ့ခြံကိုတော့ ကျနော်တို့က ဖျက်ဆီးလိုက်တဲ့ သဘောပါပဲ၊အားလုံးပေါင်း ၆၀၀၀ လောက် ရှိသွားပြီဗျ”

ဧပြီလ ၁၀ ရက်နေ့ကစလို့ အဲ့ဒီဇုန်ထဲက ကြက်ခြံတခုမှာ စတင်ဖြစ်ပွားခဲ့ပြီး အနီးနားက ကြက်ခြံတွေကိုပါ ကူးစက်ခဲ့ကာ အခုထိ ခြံ ၇ ခုမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ ဧပြီ ၁၅ ရက်မှာ တိုင်းဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ ကြက်ခြံပိုင်ရှင်တွေ ဆွေးနွေးခဲ့ကြပြီး ၀န်ကြီးချုပ်ဦးမြင့်နိုင်က ခြံအ၀င်အထွက် ကြပ်မတ်စစ်ဆေးဖို့၊ ခြံသမားတွေအနေနဲ့ ရောဂါဖြစ်ပြီး သေတဲ့ကြက်တွေကို  ဈေးကွက်ထဲ မထုတ်ဖို့ မှာကြားခဲ့ပါတယ်။

မုံရွာကြက်မွေးမြူရေးဇုန်မှာ မနှစ်ကလည်း အလားတူ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ပြီး ဒီနှစ်ဖြစ်တဲ့ ပိုးကတော့ မနှစ်ကလောက် မပြင်းထန်ဘူးလို့ ဒေါက်တာကျော်လွင်ဦးက ပြောပါတယ်။

ဒေသခံကြက်မွေးသူတွေအဆိုအရ တရုတ်က၀င်တဲ့ ကြက်ပေါက်တွေကတဆင့် H9N2 လို ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားတာဖြစ်တယ်။ မြန်မာပြည်မှာ အရင်က အဲ့ဒီ ကြက်ငှက်ပိုး မရှိဘူးလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာဥစားကြက်မွေးမြူရေးဇုန်မှာ ကြက်ကောင်ရေပေါင်း ၃ သိန်းခန့် မွေးမြူထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013