DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ်မှု အောင်မြင်
DVB
·
April 16, 2016
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ်မှု အောင်မြင်
Donate to DVB

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်စိခွဲစိတ်ကုသမှု အောင်မြင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကြန်အတက်နေ့(၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့) နံနက် ၉ နာရီခန့်တွင် ဘယ်ဘက်မျက်လုံး အတွင်းတိမ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က  ညာဘက်မျက်လုံး ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး ဒီနေ့မှာ ဘယ်ဘက်မျက်လုံးကို ထပ်ခွဲစိတ်ခဲ့ရတာ ဖြစ်ပါတယ်။

အထူးကုဆရာဝန်ကြီးများရဲ့  အကြံပြုချက်အရ ခွဲစိတ်ပြီးတဲ့နောက် မျက်လုံးအား ရက်အနည်းငယ် အနားပေးရမယ်လို့ အတိုင်ပင်ခံရုံးသတင်းအရ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား စိတ်ရောကိုယ်ပါ ခွဲစိတ်ကုသမှု ပြုပေးခဲ့ကြပါသော အထူးကုဆရာဝန်ကြီးများ၊ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများ၊ဆုမွန်ကောင်းတောင်း မေတ္တာပို့သပေးကြသော ပြည်တွင်းပြည်ပရှိ ပြည်သူများ အားလုံးကို ကျေးဇူးဥပကာရ အထူးပင် တင်ရှိပါတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013