DVB Logo
Home
မြန်မာသတင်း
ချောင်းဆုံမြို့နယ် တံငါရွာတွင် သောက်သုံးရေ အခက်ခဲ ကြုံတွေ့
DVB
·
April 16, 2016
ချောင်းဆုံမြို့နယ် တံငါရွာတွင် သောက်သုံးရေ အခက်ခဲ ကြုံတွေ့
1 / 17
Donate to DVB

မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ် လူဦးရေ နှစ်ထောင်နီးပါးရှိတဲ့ ပင်လယ်ကမ်းစပ် ဆယ်ပလာတံငါရွာမှာ သောက်သုံးရေ အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့နေကြရပါတယ်။

ပင်လယ်ကမ်းစပ်က ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြသူ အခြေခံအလုပ်သမားတွေဟာ သောက်သုံးရေအတွက် နီးစပ်ရာကျေးရွာတွေဖြစ်တဲ့ ရေတွင်းကုန်းကျေးရွာနဲ့ ခရိုက်နှီးဟု ကျေးရွာမှာရှိတဲ့ သောက်သုံးကန်တွေကိုသာ အားထားနေကြရာမှာ ဒီနှစ်မှာ ကန်ရေခန်းခြောက်လာတာကြောင့် သောက်သုံးရေအတွက် နေ့စဉ်နဲ့အမျှ ခက်ခဲလာပါတယ်။ ဆယ်ပလာကျေးရွာမှာ ရေတွင်းတွေရှိပေမယ့်လည်း ပင်လယ်ကမ်းစပ်ဖြစ်တာကြောင့် ရေငန်ဖြစ်နေတာပါ။

ဆယ်ပလာကျေးရွာမှာ အိမ်ခြေ ၃၄၀ အိမ်၊ အိမ်ထောင်စု ၃၅၀ စုနဲ့ လူဦးရေ စုစုပေါင်း ၁၇၈၄ ယောက် နေထိုင်ပါတယ်။

ရေလိုအပ်နေတဲ့ ဆယ်ပလာကျေးရွာဆီကို မုရစ်ကလေးကျေးရွာ ရေအလှူရှင်တွေက သောက်သုံးရေတွေကို ချက်ပလက်ကားနဲ့ တင်ဆောင်ပြီး သွားရောက်လှူဒါန်းပေမယ့် သောက်သုံးရေ လာရောက်ယူနေကြသူအရေအတွက် များနေတာကြောင့် ရေအလှူရှင်တွေ လိုအပ်နေပါတယ်။

မုရစ်ကလေးကျေးရွာကနေ တာရိုးလမ်းအတိုင်း ဆယ်ပလာရွာကို သွားရောက်ဖို့အတွက် မိနစ် ၃၀ လောက်အချိန်ယူရပါတယ်။

ရေအလှူရှင်တွေ မလာတဲ့ရက်တွေမှာ ရွာသားတွေအနေနဲ့ သောက်သုံးရေ တဂါလန်ကို ၆၀၀ ကျပ်နဲ့ တပီပါကို ၂၅၀၀ ကျပ်အကုန်အကျခံပြီး အခက်အခဲကြားက ဦးရာလူစနစ်နဲ့ ဝယ်ယူနေကြရပါတယ်။

ပူပြင်းတဲ့ရာသီရယ်၊ ကန်ရေသောက်သုံးနေရတဲ့ အခြေအနေနဲ့ တံငါအလုပ်ဖြစ်တဲ့ ငါးခွဲ၊ ငါးခြောက်လှမ်းလုပ်ငန်းတွေမှာ နေ့စားအလုပ်နဲ့ မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရတဲ့ အခြေခံအလုပ်သမားတွေဟာ ရေအလှူရှင်တွေကို မျှော်လင့်နေကြပါတယ်။
သတင်းဓာတ်ပုံ - ဉာဏ်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013