DVB Logo
Home
မြန်မာသတင်း
ပြောက်ကျားဝတ်စုံနှင့် ရေပက်ခံထွက်သူများကို ရဲက ခေါ်ယူပညာပေး
DVB
·
April 15, 2016
ပြောက်ကျားဝတ်စုံနှင့် ရေပက်ခံထွက်သူများကို ရဲက ခေါ်ယူပညာပေး
1 / 4
Donate to DVB

မန္တလေးသင်္ကြန်မှာ ပြောက်ကျား ဝတ်စုံနှင့် အနက်ရောင်ဝတ်စုံများဝတ်ဆင်ပြီး ရေပက်ခံ ထွက်လာသူလူငယ်များကို ရဲတပ်ဖွဲ့က အသိပညာပေးဆွေးနွေးခဲ့တယ်လို့ ရဲဇာနည် လူမှုကွန်ရက်စာမျက်နှာမှာ သတင်းရေးသားဖော်ပြထားပါတယ်။

လိုက်ထရပ်ကားနဲ့ ပြောက်ကျားဝတ်စုံဝတ်ပြီး အီကွေ့မင့်အနက်ရောင်ဝတ်ဆင်သွားလာနေတဲ့ လူငယ် ၆ ဦး၊ ဂျစ်ကားနဲ့ စစ်စိမ်းရောင်အင်္ကျီများ ဝတ်ဆင်ပြီး လှည့်လည်သွားလာနေတဲ့ လူငယ် ၆ ဦး၊JEEP ယာဉ် ၃ စီးပေါ်မှာ ပြောက်ကျားဝတ်စုံနဲ့ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်သွားလာ နေတဲ့ လူငယ် ၁၅ ဦးတို့အား ရဲက အဲ့ဒီအသုံးအဆောင်ပစ္စည်းတွေ အသုံးမပြုဖို့ ပညာပေး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မန္တလေးသင်္ကြန်စတင်တဲ့နေ့မှာပဲ အဲ့ဒီလိုဝတ်စားဆင်ယင်ပြီး ရေပက်ခံထွက်နေတဲ့ဓာတ်ပုံတွေ အင်တာနက်စာမျက်နှာပေါ်တက်လာပြီးတဲ့နောက် ရဲက ခေါ်ယူပညာပေးဆွေးနွေးတယ်ဆိုတဲ့ သတင်း ထွက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013