DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းနှင့် မန္တလေးတိုင်းတွင် လေပြင်းတိုက်ခတ်၊ လူနေအိမ်၊ စာသင်ကျောင်းများပျက်စီး
DVB
·
April 14, 2016
စစ်ကိုင်းနှင့် မန္တလေးတိုင်းတွင် လေပြင်းတိုက်ခတ်၊ လူနေအိမ်၊ စာသင်ကျောင်းများပျက်စီး
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ်နဲ့  မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွေထဲမှာ  ဧပြီ ၁၃ရက် ညနေက လေပြင်းတွေတိုက်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

လေပြင်းတွေတိုက်ခတ်တာကြောင့်  ဗန်းမောက်မြို့နယ် နားနန့်ထွန်ကျေးရွာမှာ အိမ်၁၀လုံး၊ မူလတန်းကျောင်းဆောင်နဲ့ဘုန်းတော်ကြီးကျောင်းအမိုးတွေလန်ပြီး မကျီးကုန်းကျေးရွာရှိ သွပ်မိုးအိမ်(၁၂)လုံး၊ ဘုန်းတော်ကြီးသင်ကျောင်း ၀န်ထမ်း အိမ်ယာအနည်းငယ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အလားတူ မင်းကုန်းကျေးရွာရှိသွပ်မိုးအိမ်(၁၃) အိမ်မှာအနည်းငယ် ပျက်စီးခဲ့ပြီး လူနေအိမ်(၂)အိမ်နှင့်အခြေခံ ပညာမူလတန်းကျောင်းဆောင်ရှိ သွပ်မိုးအားလုံး လန်သွားကာ  နောက်ပွတ်ရွှေမှော်မှာတော့ သွပ်မိုးအိမ် (၈)အိမ်အနည်းငယ်ပျက်စီးခဲ့ပြီး လူနေအိမ်(၁)လုံးနဲ့ မူလတန်းကျောင်းဝန်ထမ်းနေအိမ် အမိုးတွေအားလုံး လန်သွားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရှင်လှကျေးရွာအုပ်စုမှာလည်း လေပြင်းတိုက်လို့ ကျေးလက်ကျန်းမာရေးဆေးပေးခန်း အမိုးတွေလန်ကာ မျက်နှာကြက်တွေကျွံကျ ပျက်စီးခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့  လူနေအိမ် (၉) လုံး သွပ်မိုးတွေလန် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013