DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် လူအသေအပျောက် မရှိဟု အစိုးရသတင်းထုတ်
DVB
·
April 14, 2016
ငလျင်ကြောင့် လူအသေအပျောက် မရှိဟု အစိုးရသတင်းထုတ်
Donate to DVB

ဧပြီ ၁၃ ရက်ညက စစ်ကိုင်းတိုင်းအတွင်း ဗဟိုပြုလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူအသေအပျောက်၊ ထိခိုက်မှုနှင့်အဆောက်ဦတွေ ပြင်းပြင်းထန်ထန်ပြိုကျပျက်စီးတာ မရှိခဲ့ဘူးလို့ အစိုးရပြန်ကြားရေးဌာနက တရားဝင်သတင်းထုတ်ပါတယ်။

ငလျင်ကြောင့်ဘုရားစေတီအချို့ထီးတော်ယိုင်ခြင်း၊ စိန်ဖူးတော်မြေခခြင်း၊ ဖောင်းရစ်များအက်ကွဲခြင်း၊ အဆောက်အဦအချို့အနည်းငယ်ပျက်စီးခြင်းတို့သာ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

၂၀၁၆ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့ မြန်မာစံတော်ချိန်ည ၈ နာရီ၊ ၂၅ မိနစ်၊ (၁၈)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှအနောက်မြောက်ဘက် (၁၁၂)မိုင်ခန့် ကွာ‌ဝေးသော မြန်မာနိုင် ငံ ပြည်တွင်းကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက် ၄၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ ငလျင်ပြင်းအားရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိအင်အားပြင်းထန်သော မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013