DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ကနီမြို့နယ်ရှိ စေတီဘုရားများပျက်စီး၊ စိန်ဖူးတော်မြေခ
DVB
·
April 14, 2016
ငလျင်ကြောင့် ကနီမြို့နယ်ရှိ စေတီဘုရားများပျက်စီး၊ စိန်ဖူးတော်မြေခ
1 / 5
Donate to DVB

မနေ့ညက မြန်မာနိုင်ငံတွင်း လှုပ်ခတ်သွားတဲ့ အင်အားပြင်း မြေငလျင်ကြောင့် စစ်ကိုင်းတိုင်း  ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းမှာ စေတီဘုရားတချို့အက်ကွဲပြီး ထီးတော်နဲ့ စိန်ဖူးတော်တွေ မြေခသွားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ငလျင်ကြောင့်  ကနီမြို့နယ် ကင်းကျေးရွာ အုပ်စုရှိ  ရွှေမုဌောစေတီထီးတော် ယိုင်တာ၊ မြောင်းကုန်းကျေးရွာရှိ မင်းကုန်းဆုတောင်းပြည့်စေတီ စိန်ဖူးတော်မြေခဘုရားရင်ပြင်အက်ကွဲတာ၊ ချောင်းမကျေးရွာအုပ်စုရှိ  ဆုတောင်းပြည့်စေတီ အက်ကြောင်းဖြစ်ပေါ်ထီးတော်ယိုင်တာ၊  နတ်ကြီးကျေးရွာအုပ်စု ရွှေဆံတော်ကျောင်းတိုက် စေတီစိန်ဖူးတော်မြေခတာ၊ ကင်းတောင်ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း ဘုရားဆောင်အက်ကွဲတာ၊ မုဌောကျေးရွာအုပ်စုရှိ ရွှေမုဌော ကျောင်းအတုလပုညရှင် ထိုင်တော်မူဘုရားကြီး အက်သွားတာ စတာတွေဖြစ်ပွားခဲ့တယ်လို့သတင်းမှာဖော်ပြပါတယ်။

 

ဒါ့အပြင် ကနီမြို့ပေါ် ရပ်ကွက်(၂)ရှိ ရွှေသိမ်တော် တောရကျောင်း သိမ်ကျောင်းဆောင် တိုင် အက်ကွဲသွားပြီး ရှင်ဘု ရင်စစ်သားဘုရား ထီးတော်ယိုင်သွားတယ်လို့ ဆိုပါတယ်။  ဒါပေမယ့် ကနီမြို့ပေါ်မှာတော့ လူနေအိမ်တွေပျက်စီးတာနဲ့ လူတွေထခိုက်ဒဏ်ရာရခဲ့တာမရှိဘူးလို့  ကနီမြို့နယ် ကြက်ခြေနီအသင်း ဒုတပ်ရင်းမှူး ဦးတင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ငလျင်က နည်းနည်းပြင်းတာပဲရှိတယ်။ အကြားကြီးတော့မဟုတ်ဘူး ပထမ တချက် ဆောင့်ချလိုက်တာ။ တချက်ပါဘဲ။ မြို့ပေါ်မှာတော့ အပျက်အစီးကြီးကြီးမားမား လူအထိအခိုက်မရှိပါဘူး။ မြို့နယ် မိခင်နဲ့ ကလေးစောင့်ရှောက်ရေးရုံးပဲ အတွင်းမျက်နှာ ကျက်တွေကွာကျသွားတယ်။ လူနေအိမ်တွေလည်း ဘာမှမဖြစ်ပါဘူး။ လောလောဆယ်သိရသလောက်တော့ ကနီမြို့နယ်ထဲမှာ ဘုရားသုံးဆူလောက်တော့ စိန်ဖူးတော်မြေခသွားတယ် ”

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အနီး ၄၂ မိုင်အကွာကို ဗဟိုပြုပြီး ဧပြီ ၁၃ရက်ည ၈း၂၅မိနစ်က  ရစ်ခ်ျတာစကေး (၆.၈) ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်သွားခဲ့တာဖြစ်ပြီး ငလျင်ကို မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ မကွေး၊ မင်းဘူး၊ ချောက်၊ ညောင်ဦး၊  နေပြည်တော်၊  ဟားခါး၊ ဖလမ်းနဲ့ ကျောက်ဖြူ စတဲ့ ဒေသတွေက လည်းသိရှိခံစားခဲ့ရတာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013