DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနည်းဟု ကယ်ဆယ်ရေးဌာန သတင်းထုတ်
DVB
·
April 14, 2016
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနည်းဟု ကယ်ဆယ်ရေးဌာန သတင်းထုတ်
Donate to DVB

ဧပြီ ၁၃ ရက်ညပိုင်းမှာ စစ်ကိုင်းတိုင်းကို ဗဟိုပြုလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနည်းခဲ့ပြီး ဒီလို ပျက်စီးမှု နည်းရတာဟာ ငလျင်ဗဟိုချက်အောက်အနက်မှာ ဖြစ်တာကြောင့်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက သတင်းထုတ်ပါတယ်။

"ယခု ငလျင်ဘေးအန္တရာယ်သည် ငလျင်ဗဟိုချက်၏ အောက်အနက်သည် ကီလို (၁၃၀) ခန့်တွင် ဖြစ်ပွားခဲ့သည့်အတွက် အင်အားပြင်းထန်သော်လည်း ထိခိုက်ပျက်စီးမှု နည်းပါးခဲ့ခြင်းဖြစ်ပါသည်။" လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ Facebook Account ဖြစ်တဲ့ Relief and Resettlement Department-Myanmar မှာ ရေးသားဖော်ပြထားပါတယ်။

ဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ငလျင်ကြောင့် ကနီမြို့နယ် မိခင်ကလေးအဆောက်အဦ မျက်နှာကျက်ပြုတ်ကျပျက်စီးခြင်း၊ ပက်ကြားဝရွာနှင့် တောင်ပျောက်ရွာကြား ဆက်သွယ်သော (၁၁) ကေဗွီဓာတ်ကြိုး မီးလောင်ပျက်စီးခြင်း၊ ၀ယားကျေးရွာ သိမ်၊ ဘုရားထီးတော်ယိုင်ခြင်း၊ ရွှေနန်းဦးနှင့်ဖောင်တော်ဦးဘုရား စိန်ဖူးတော်မြေခခြင်း၊ ချောင်းမ ကျေးရွာအရှေ့၊ ဆုတောင်းပြည့်ဘုရား သပိတ်မှောက် အက်ကြောင်းဖြစ်ခဲ့ခြင်း၊ ထီးတော်ယိုင်ခြင်း၊ အုတ်တွင်းကျေးရွာတွင် အုတ်တိုက်ကျောင်းဘုရားမြေခခြင်း၊ စဥ့်အိုးကျေးရွာအုပ်စု၊ လက်ပန်စု ကျေးရွာရှိ ရွှေဘိုဘုရား သပိတ်မှောက်အက်ကွဲခြင်း၊ ခိုတွင်းကျေးရွာ ဘုန်းကြီးကျောင်း၏ဘုရားဆောင် အက်ကွဲခြင်း၊ ကနီပျဉ်ထောင်အုပ်စု၊ ညောင်တူများကျေးရွာ၊ ကိုးန၀င်းကပ်ကျော်စေတီ သပိတ်မှောက် အက်ကွဲခြင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပျဉ်အုပ်စု၊ ၀ါးတန်းကျေးရွာ သတ္တဗောဓိကျောင်းတိုက် အတွင်းရှိ အောင်သိဒ္ဓိစေတီ စိန်ဖူးတော်မြေခခြင်း၊ ရွာရှင်ကျေးရွာအုပ်စု၊ ၀က်မှေးကန် တောရွာ (၂)ထပ်ဘုန်းကြီးကျောင်း အက်ကြောင်း(၄)ခုဖြစ်ခြင်း၊ ယင်းမာပင်မြို့နယ်၊ မြရိပ်ကျေးရွာ၊ တောင်ပေါ် ကျောင်းရှိ ရှစ်မျက်နှာဘုရားထီးတော်မြေခခြင်း၊ ဦးဘိုးသံစေတီတော် ထီးတော် စောင်း/ကွဲအက်ခြင်း၊ မယ်ပေါင်းစေတီ ထီးတော်စောင်း/ကွဲအက်ခြင်း၊ ဦးတေဇစေတီ ထီးတော် စောင်း/ကွဲအက်၊ ဦးဘိုးလှိုင်စေတီ ထီးတော်စောင်း/ကွဲအက်ခြင်း၊ မုံရွာမြို့၊ အလုံမြို့နယ်၊ ရွှေပြည်အေးရပ်ကွက်၊ အထက(၂)ကျောင်း အုတ်တံတိုင်း(၁၈)ခန်းပြိုကျခြင်း၊ ချောင်းဦးမြို့နယ်၊ တောကြီးကျောင်းကျေးရွာ၊ ရွှေဂူကြီးဘုရားအရန်စေတီ စိန်ဖူးတော်မြေခခြင်းတို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ငလျင်ကြောင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီလွီချောင်းဖျားရှိ မြေပြိုဆည် ထိခိုက်မှုမရှိကြောင်း၊ ရာဇဂြိုလ်ဆည်ထိခိုက်မှုမရှိကြောင်းလည်း သတင်းထုတ်ပါတယ်။ ကယ်ဆယ်ရေးဌာနအနေနဲ့ ငလျင်နဲ့ပတ်သက်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013