DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် သင်္ကြန်အကျတရက်တည်း ခါးပိုက်နှိုက် ၂၁ ဦး ဖမ်းမိ
DVB
·
April 14, 2016
ရန်ကုန်တွင် သင်္ကြန်အကျတရက်တည်း ခါးပိုက်နှိုက် ၂၁ ဦး ဖမ်းမိ
1 / 11
Donate to DVB

ရန်ကုန်မြို့မှာ သင်္ကြန်အကျနေ့တရက်တည်း ခါးပိုက်နှိုက် ၂၁ ဦး ဖမ်းမိတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

မဟာသင်္ကြန်ပွဲတော် ဒုတိယနေ့ သင်္ကြန်အကျနေ့မှာ ရေကစားသူတွေထံကနေ ငွေနဲ့ လက်ကိုင်ဖုန်းတွေ နှိုက်ယူသူ ခါးပိုက်နှိုက် ၂၁ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ခါးပိုက်နှိုက်တွေဟာ ရန်ကုန်၊ ပြည်လမ်းပေါ်ရှိ Air Bagan၊MPT၊ ပိတောက်ရွှေဝါ စတဲ့ ရေကစားမဏ္ဍပ်တွေရှေ့မှာ ရေကစားနေကြသူတွေထံက ဖုန်းနဲ့ ပိုက်ဆံတွေ နှိုက်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ သင်္ကြန်ပွဲတော်မှာ ရေကစားသူတွေ ပျော်ရွှင်စွာရေကစားနေစဉ် အလစ်အငိုက် အခွင့်ကောင်းယူပြီး လက်ကိုင်ဖုန်း၊ ငွေနဲ့ ပစ္စည်းတွေ နှိုက်ယူသူတွေကို စောင့်ကြည့်ဖမ်းဆီး အရေးယူဆောင်ရွက်နေကြောင်း၊ ရေကစားသူ မိဘပြည်သူတွေအနေနဲ့လည်း ခါးပိုက်နှိုက်ကျူးလွန်ခံရခြင်း မရှိစေဖို့ မိမိတို့ရဲ့ ပစ္စည်းတွေကို သတိရှိစွာ ထိန်းသိမ်းရေကစားကြဖို့ သတင်းမှာ အသိပေးဖော်ပြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013