DVB Logo
Home
မြန်မာသတင်း
သထုံ ဘုရားဖူးကားမှောက်၊ ၉ ဦး သေဆုံး
DVB
·
April 13, 2016
သထုံ ဘုရားဖူးကားမှောက်၊ ၉ ဦး သေဆုံး
Donate to DVB

သင်္ကြန်အကြို ဧပြီ ၁၂ ရက် ညနေပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နားမှာ ဘုရားဖူးကားတစီးမှောက်ပြီး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ  ယာဉ်အမှတ် YGN/5830 အဖြူရောင် CANTER အမျိုးအစား ဘုရာဖူးကားဟာ တံတားဘောင်ကိုတိုက်မိပြီး ချောက်ထဲထိုးကျသွားခဲ့တာပါ။ ကားပေါ်ပါသူ ၉ ဦး သေဆုံးခဲ့တယ်လို့ သထုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးကို ကိုးကားပြီး ပြန်ကြားရေး အင်တာနက်သတင်းမှာ ဖော်ပြပါတယ်။

သထုံမြို့နယ်ရဲတပ်ဖွဲ့က စခန်းမှူး  ဒုရဲမှူးထွန်းသိန်းက "တံတားဘောင်ကို အရှိန်နဲ့တိုက်မိပြီး လမ်းဘေးထိုးကျသွားတာ။ ၆ ယောက်ကတော့ နေရာတင် သေတယ်၊ ကျန်သူတွေကို သထုံဆေးရုံပို့တော့ လမ်းမှာတင် ၁ ဦးဆုံးပြီး ဆေးရုံမှာ ၂ ဦး ထပ်ဆုံးတယ်။ ပေါင်း ၉ ဦးရှိပြီ။ ကျန်သူ ၁၁ ဦးကလည်း ဒဏ်ရာပြင်းတော့ အရေးပေါ်ကားနဲ့ ရန်ကုန်ကို တင်သွားကြပြီ"လို့ ပြောပါတယ်။

သထုံဘက်ကနေ ရန်ကုန်ဘက်အပြန်လမ်းမှာ ကားမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူဟာ ရန်ကုန်၊ မြောက်ဥက္ကလာပမှာ နေထိုင်သူပြီး ကားကလည်း ရန်ကုန်ကဖြစ်ပါတယ်။

သေဆုံးသူ ဘုရားဖူးတွေက ဘယ်ဒေသက ဆိုတာကိုတော့ သတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

12973138_870366229757911_5908666000179768425_o 12961298_870366236424577_151449745074741565_o 12977075_870366233091244_3579890384702796551_o

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013