
ကလေးမြို့ မဟာသင်္ကြန်မဏ္ဍပ်တွေမှာ သင်္ကြန်ပွဲ ဆင်နွှဲသူတွေအတွက် မူးယစ်ဆေးနဲ့ အန္တရာယ် ကင်းရှင်းရေး သတိပေးပိုစတာတွေကို သင်္ကြန်အကျနေ့က စတင် ကပ်ချိတ်ပြီး သတိပေးနှိုးဆော်ခဲ့ပါတယ်။
သတိပေး ပိုစတာတွေမှာ ယာဉ်မောင်းသူတွေ မူးယစ်ပြီး မောင်းနှင်ခြင်း မပြုကြဖို့နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေတွေ့ရှိပါက တားမြစ်ပေးဖို့၊ အကြောင်းကြားပေးဖို့ ဆိုတဲ့ အချက်တွေ ပါရှိပြီး ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ကတော့ ကလေးမြို့မှာ ယာဉ်တိုက်မှု အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးလို မြို့ကြီးတွေမှာ အရက် ဘီယာပုလင်းများကို ပလတ်စတစ်အိပ်တွေအတွင်း လှယ်ယူမှုတွေ ပြုလုပ်နေပေမယ့် ကလေးမြို့မှာတော့ ပုလင်းကိုင်ဆောင်သူမရှိပဲ ဆိုင်တွေမှာသာ သောက်စားကြတာကြောင့် မန္တလေးမြို့လို့ ပုလင်းခွံ သိမ်းဆည်းတာမျိုးတော့ မလုပ်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မူးယစ်ဆေးနဲ့ အန္တရာယ် ကင်းရှင်းရေး ပိုစတာများ မဏ္ဍပ်တွေမှာ တပ်ဆင်ရုံမဟုတ်ပဲ လက်ကမ်းစာစောင်တွေပါ ပြုလုပ်ပြီး ဝေငှခဲ့တယ်လို့လည်း သိရပါတယ်။
သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်











