DVB Logo
Home
မြန်မာသတင်း
ယခင်နှစ်များထက် ယခုနှစ်သင်္ကြန်အကြိုရက် ယာဉ်တိုက်မှု လျော့နည်း
DVB
·
April 13, 2016
ယခင်နှစ်များထက် ယခုနှစ်သင်္ကြန်အကြိုရက် ယာဉ်တိုက်မှု လျော့နည်း
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုနှစ်သင်္ကြန်အကြိုရက်အတွင်း အရင်နှစ်တွေထက် ယာဉ်တိုက်မှု သိသိသာသာ လျှော့နည်းသွားကြောင်း အမှတ်-၂ ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံးက ဒုရဲမှူး ဝင်းမြင့်ဦးက ဒီဗွီဘီကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း အခုနှစ်မဟာသင်္ကြန်အကြိုနေ့ မှာ ယာဉ်တိုက်မှု ၂ မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သင်္ကြန်အကြိုနေ့မှာတော့ ယာဉ်တိုက်မှု ၁၀ မှုဖြစ်ပွားပြီး ၂ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရခဲ့တာပါ။

ဒါကတော့ သင်္ကြန်ရက်တွေ ရေကစားချိန်အဖြစ် သတ်မှတ်ထားတဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်ပါတယ်။

အသစ်တက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ မူဝါဒအရ ဒီနှစ်သင်္ကြန်မှာ စည်းကမ်းတင်းကျပ်မှုတွေ ပိုလာခဲ့ပြီး မဏ္ဍာပ်တွေလည်း စီးပွားဖြစ် ဆောက်လုပ်ခွင့် မပေးတာကြောင့် ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ ကန်ပတ်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းတွေမှာ မဏ္ဍာပ်တွေမရှိတော့ပါဘူး။ ဒါကြောင့် တဆက်တည်းမှာ ရေပက်ခံကားတွေ အရေအတွက် လျှော့သွားတာတွေ ရှိလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013