DVB Logo
Home
မြန်မာသတင်း
မြို့ကြီး ၈ ခု စံချိန်တင် ပူပြင်းခဲ့
DVB
·
April 13, 2016
မြို့ကြီး ၈ ခု စံချိန်တင် ပူပြင်းခဲ့
Donate to DVB

သင်္ကြန်ပွဲစတင်လိုက်တဲ့ ဧပြီ ၁၂ ရက်၊ အကြိုနေ့မှာပဲ မြန်မာပြည်တ၀န်းရှိ မြို့ကြီး ၈ ခုမှာ စံချိန်တင် ပူပြင်းခဲ့တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။

မကွေးတိုင်း၊ ချောက်မြို့မှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အပူချိန် ၄၆.၂ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အပူချိန် ၄၃.၈၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ နှစ်ပေါင်း ၂၀ လောက်အတွင်း ၄၃.၈၊ မန္တလေးတိုင်း ရမည်းသင်းမြို့မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ၄၃.၆၊ မိတ္ထီလာမှာ နှစ်ပေါင်း ၆၀ အတွင်း ၄၃.၅၊ ကျောက်ဆည်မှာ ၁၇ နှစ်အတွင်း ၄၃.၂၊ မိုးကုတ်မှာ ၃၄ နှစ်အတွင်း ၃၅.၄ နဲ့ ရှမ်းပြည်နယ်၊ ဟဲဟိုးမှာ ၃၇ နှစ်အတွင်း ၃၆.၈ ဒီဂရီစင်တီဂရိတ် အသီးသီး စံချိန်တင်ပူပြင်းခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့် မြန်မာပြည်တ၀န်း အပူချိန်မြင့်မားနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ သောက်သုံးရေရှားပါးခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်းတို့ ဖြစ်ပွားနိုင်လို့ သတိပြုနေထိုင်ကြဖို့ မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013