DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် ဘိန်းဖြူ များနှင့် လက်လုပ်တူမီးသေနတ် ၁ လက် ဖမ်းဆီးရမိ
DVB
·
April 12, 2016
ဗန်းမောက်မြို့နယ်တွင် ဘိန်းဖြူ များနှင့် လက်လုပ်တူမီးသေနတ် ၁ လက် ဖမ်းဆီးရမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ဟောယောကျေးရွာအနီးမှာ မူးယစ်ဆေးဝါး ဘိန်းဖြူ တန်ဘိုးကျပ် ၉၅ သိန်းခန့်နဲ့ လက်လုပ်တူမီးသေနတ် ၁ လက်တို့ကို ဧပြီ ၁၁ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ဧပြီ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲအချိန် ဗန်းမောက်မြို့နယ် မံစီကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဟာ ဟောယောရွာ မြောက်ဘက် ၁ မိုင်ခန့်အကွာ မောက်ဆွတ်ကွင်းအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ သတင်းအရရှိတဲ့အတွက် ဝင်ရောက်ရှာဖွေရာ ကိုစံချစ်၊ ကိုစိုးဝင်းအောင်နှင့် ကိုကျော်မြင့်ဦးတို့ထံ ကနေ ကျပ် ၉၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူ စုစုပေါင်း ၉၅ ဂရမ်နဲ့အတူ လက်လုပ်တူမီးသေနတ် ၁ လက်တို့ကို တွေ့ရှိခဲ့ပါတယ်။

မံစီကြီးနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိတဲ့ ဗန်းမောက်မြို့နယ် ဟောယောရွာနေ ကိုစိုးဝင်းအောင်၊ စံချစ်နဲ့ ကိုကျော်မြင့်ဦးတို့ကို မယ(ပ)၁၂/၂၀၁၆၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁/၂၂(ခ) အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013