DVB Logo
Home
Lead Story
တပ်ဖက်နဲ့ အရပ်ဖက်နဲ့ မဟာတံတိုင်းကြီးမခြားစေချင်ဟု သမ္မတဦးထင်ကျော် ပြောကြား (ရုပ်သံ)
DVB
·
April 12, 2016
တပ်ဖက်နဲ့ အရပ်ဖက်နဲ့ မဟာတံတိုင်းကြီးမခြားစေချင်ဟု သမ္မတဦးထင်ကျော် ပြောကြား (ရုပ်သံ)
Donate to DVB


တပ်ဖက်နဲ့ အရပ်ဖက်အကြား မဟာတံတိုင်းကြီး မခြားစေချင်တဲ့အကြောင်းနဲ့ နိုင်ငံသူနိုင်ငံသား တွေကို မင်းပြစ်မင်းဒဏ်က ကင်းဝေးကြပါစေဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မဟာသင်္ကြန် အကြိုနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေကို သမ္မတက ပြောကြားခဲ့တာပါ။

“ကျနော်တို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံးအကြားထဲမှာ တပ်ရယ် အရပ်ရယ်ဆိုတဲ့ အသုံးအနှုန်းကြောင့် ပေါင်းသင်းဆက်ဆံရေး ကူးလူးဆက်ဆံရေး မဟာတံတိုင်းကြီးလို ခြားနေတာ မဖြစ်သင့်ဘူး။ တက့ယ်ကို ရင်းရင်းနှီးနှီးခင်ခင်မင်မင် တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံကြစေချင်ပါတယ်။ အားလုံးဟာအမှန်ကတော့ တအူထုံ့ဆင်း ညီရင်းအစ်ကို ဆွေမျိုးသားချင်းတွေပါ။ ပြန်ကြည့်ရင် ကျနော်တို့ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ တော်လှန်ရေး ကာလမှာ ပြန်စဉ်းစားလိုက်ရင် တပ်မတော်ကလည်း ပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ကို အကာအကွယ်ပေးခဲ့တယ်။ အရပ်ဘက်ကလည်း ရှိရာလက်နက်ကိုင်ဆွဲပြီးတော့ သူတို့ တတ်နိုင်တဲ့အားနဲ့ တပ်မတော်သားတွေ အတွက်ဝိုင်းပြီးတော့ အသက်စွန့်လွှတ်ခဲ့တာပဲ။ အပြန်အလှန်ပဲ၊ အားလုံးအပြန်အလှန်ပဲ။ အဲလိုရှိခဲ့ကြတယ်။ ဒါလေးကို ပြန်ပြီးစဉ်းစားမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ဟာ အတူတူပဲ ဆွေမျိုးသားချင်းတွေပဲဆိုတာ ပိုပြီး သဘောပေါက် လာမယ်ဆိုပြီး အတူတူအလုပ်လုပ်တဲ့အခါမှာ အစစအရာရာမှာ ပိုပြီးတော့ အဆင်ပြေပါမယ် သဟဇာတ ဖြစ်ပါမယ်။ ကျနော်တို့ နိုင်ငံတော်ကြီး တိုးတက်ရာ တိုးတက်ကြောင်း လုပ်တဲ့ နေရာမှာ ပိုပြီးတော့ ရလဒ်ကောင်းရမယ်လို့ ထင်ပါတယ်။ ပြည်တွင်း အင်အားလည်း ပိုပြီး ရှိလာမယ် ထင်ပါတယ်။”

နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ မင်းဘေးအန္တရာယ်က ကင်းဝေးကြပါစေဖို့လည်း သမ္မတ ဦးထင်ကျော်က ဆုတောင်းပေးသွားပါတယ်။

“အားလုံးစိတ်၏ ချမ်းသာချင်းနဲ့ ပြည့်စုံကြပါစေ။ အများအကျိုးကို ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ။ အမှန်တရားဘက်က ရပ်တည်နိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ။ မင်းဘေးအန္တရာယ်က ကင်းဝေးကြပါစေ။ မင်းပြစ်မင်းဒဏ်က ကင်းဝေးကြပါစေ။ ကျနော်ဒါဘာကြောင့် ပြောရလဲ ဆိုတော့ မင်းပြစ်မင်းဒဏ်ဆိုတာ ကျနော့်အတွက်လည်း ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်မင်းမှ ဘယ်အုပ်ချုပ်တဲ့ မင်းမှ ကိုယ့်တိုင်းသူ ပြည်သားအတွက် ရင်သွေးရင်သားတွေကို အပြစ်ဆိုတာ ပေးချင်မှာမဟုတ်ပါဘူး။ မတတ်သာလို့ ပေးခဲ့ရရင်လည်း ရင်ထဲမှာ ချမ်းသာမှာ မဟုတ်ပါဘူး။ ဒါမျိုးလည်း မကြုံရပါလိုနဲ့ ကျနော်တို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီလိုအဖြစ်မျိုးမဖြစ်နိုင်အောင် နှစ်ဦးနှစ်ဖက် စောင့်ထိန်းနိုင်ကြဖို့ ကျနော်ဒါလေးပဲ ပြောချင်ပါတယ်။”

ဒီကနေ့ နေပြည်တော် သမ္မတအိမ်တော် သင်္ကြန်ပွဲမှာ တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ အစိုးရပြည်ထောင်စုဝန်ကြီးတွေ၊ အနုပညာရှင်တွေနဲ့ သူရဦးရွှေမန်းတို့ လာရောက်ဆင်နွှဲခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကတော့ လာရောက်ခြင်းမရှိပါဘူး။

ရိုက်ကူး - နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013