DVB Logo
Home
Lead Story
နေပြည်တော် သင်္ကြန်အကြို နံနက်ပိုင်း မြင်ကွင်း
DVB
·
April 12, 2016
နေပြည်တော် သင်္ကြန်အကြို နံနက်ပိုင်း မြင်ကွင်း
1 / 10
Donate to DVB

နေပြည်တော်မှာရှိတဲ့ ရေကစားမဏ္ဍပ်ကြီးတွေမှာ အဖွဲ့ပေါင်းစုံ အပါအ၀င် လုံခြုံအင်အား (အဖွဲ့ တစ်ဖွဲ့ကို) အယောက် ၅၀ ၀န်းကျင်ခန့်ထားရှိတယ်လို့ တာဝန်ကျ လုံခြုံရေး ရဲတပ်ဖွဲ့ ဝန်ထမ်းတွေဆီက ကြားသိရပါတယ်။

"ရပ်ကျေးတို့၊ စည်ပင်ရဲတို့ နောက် ပြည်ထဲရေးကရော ယာဉ်ထိန်းရဲတွေ၊ လုံခြုံရေး ရဲတပ်ဖွဲ့တွေ လည်း ပါတယ်။ အခြားဝန်ထမ်းတွေ ရောပေါ့။ အဖွဲ့တဖွဲ့ကို အင်အား ၅၀ ကျော်လောက် ရှိတယ်" လို့ တာဝန်ကျ ယာဉ်ထိန်းရဲတဦးက ပြောပါတယ်။

ယခင်နှစ်တွေကတော့ မဏ္ဍပ်ကြီး ၈ ခု နီးပါးရှိခဲ့ပြီး အခု ၂၀၁၆ ခုနှစ် သင်္ကြန် ရေသဘင်ပွဲတော်မှာကတော့ မဏ္ဍပ်ကြီး ၂ ခုသာရှိပြီး လာရောက်လည်ပတ်သူတွေလည်း နည်းသွားတယ်လို့ လှည်ပတ်သူတွေက ပြောဆိုကြပါတယ်။

"အရင်က ဟော်တယ်ဇုံဘက်မှာ ရေကစားမဏ္ဍပ်တပ်တွေ အများကြီးပါ။ ရေပတ်ခံ ထွက်တာ လည်း များတယ်။ ဒီနေ့လို အကြိုနေ့တွေမှာရောပဲပေါ့၊ အခုနှစ်တော့ နည်းတယ်လို့ ထင်တယ်။ မဏ္ဍပ်နည်းတာရော နေပူတာရောတွေကြောင့် ထင်တယ်"လို့ လာရောက် ရေပတ်ခံထွက်လာသူ တဦးကပြောပါတယ်။

ဒီနှစ် နေပြည်တော်မှာကတော့ Hotel ACE မိသားစုရေးကစားမဏ္ဍပ်နဲ့ Sky Net (ရွှေသံလွင် မိသားစု) ရေကစားမဏ္ဍပ်ကြီး နှစ်ခုကိုသာတွေ့ရပါတယ်။

(သတင်း - အောင်ကိုကိုလတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013