DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း အန်အယ်လ်ဒီ အလံအမှတ်တံဆိပ်များ မသုံးရန် ပါတီဝင်များကို အသိပေး
DVB
·
April 11, 2016
သင်္ကြန်တွင်း အန်အယ်လ်ဒီ အလံအမှတ်တံဆိပ်များ မသုံးရန် ပါတီဝင်များကို အသိပေး
Donate to DVB

ပဋိပက္ခတွေကိုရှောင်ရှားနိုင်ဖို့ သင်္ကြန်ရေကစားကြရာမှာ ပါတီအလံလွှင့်ထူတာနဲ့ ပါတီ အမှတ်တံဆိပ်၊ ရင်ထိုး၊ ခေါင်းစည်း၊ လက်ပတ်၊ တီရှပ်၊ ဦးထုပ် စတာတွေ အသုံးမပြုကြဖို့ ထားဝယ်နဲ့ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေကို အသိပေးကြေညာ ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်အမတ် ဦးဟိုပင်က “အန်အယ်လ်ဒီမဟုတ်တဲ့ တခြားသောအဖွဲ့အစည်းတွေက သင်္ကြန်မှာ ကျနော်တို့ အန်အယ်လ် ဒီတံဆိပ်တွေ အလံတွေကို အသုံးချပြီးတော့ သင်္ကြန်ကို ရုပ်ပျက်အောင်၊ သရုပ်ပျက်အောင် လုပ်မယ့် သတင်းလေးတွေရထားတယ်လို့ ကျနော်တို့ကို အကြောင်းကြားထားပါတယ်။ အဲဒါကြောင့်မို့လို့ ကြေညာလိုက်တာပါ။ ကြိုပြီးတော့ ကာကွယ်တဲ့သဘောနဲ့ ပြည်သူကိုရော အန်အယ်လ်ဒီပါတီဝင်တွေ ကိုရော၊ ကျနော်တို့ကတော့ ပြဿ နာ အမှိုက်က မစစေချင်ဘူး။ ပဋိပက္ခတွေ မဖြစ်စေချင်ဘူး။ ပဋိပက္ခ ကို ရှောင်တယ်ဆိုတာ ကျနော်တို့ မြန်မာ့ရိုးရာသင်္ကြန်ရဲ့ သရုပ်လည်း မပျက်သွားရအောင်ပါ။ မြန်မာ့ရိုးရာသင်္ကြန်ဟာ ခုတုံးလုပ်စရာ မဖြစ်ရလေ အောင်ပါ” လို့ ပြောပါတယ်။

ဒီကြေညာချက်ကို ဧပြီ ၁၀ ရက်နေ့စွဲနဲ့ ထားဝယ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ကြေညာ ထားတာဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းမှာလည်း အလားတူ အသိပေးချက်မျိုး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မြို့နယ်တာဝန်ရှိသူတွေက အသိပေး ထုတ်ပြန်ထားပါတယ်။

ပြည်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဝင်းက “အရင်ဦးသိန်းစိန်အစိုးရ မထွက်ခင်ကလေးမှာတင် ပြည်မှာ စွမ်းအားရှင်စာရင်းကောက်ပေးပါဆိုပြီး ရပ်ကွက် ၁၀ ရပ်ကွက်စလုံးမှာ တရားဝင်ကောက်ခိုင်းတယ်။ နောက် မဘသတရားပွဲတွေရောက်လာတယ်။ တရားပွဲတွေမှာ နည်းနည်း အငြိအစွန်းလေးတွေပဲရှိတယ် ဘာမှ ပြဿ နာတော့မရှိဘူး။ အဲဒီအခါမှာ ကျနော်တို့က အများကြီး စဉ်းစားရတယ်။ တခြားတဖက်ရဲ့ လှုပ်ရှားမှုတွေကို၊ ကိုယ့်ဘက်မှာလည်း အောင်ပွဲနဲ့ ယစ်မူးနေတာတွေရှိတယ်။ နောက် ကိုယ့်အဖွဲ့ထဲမှာ ကတ် ၂ ကတ် ကိုင်ထားတဲ့သူတွေအများကြီးပဲ။ ပြည်ခိုင်ဖြိုးကတ်ရော အန်အယ်လ်ဒီကတ်ရော ကိုင်ထားတဲ့သူတွေ အများကြီးပဲ ဆိုတဲ့အခါကျတော့ ပြဿ နာဟာ ဖြစ်သွားနိုင်တယ်။ ကိုယ့်ဘက်က သူတွေနဲ့ တဖက်က စီမံချက်ကျကျလုပ်သွားတာနဲ့ ဆိုရင် ပြဿ နာ ဖြစ်နိုင်တယ်၊ ဒါကြောင့် ပါတီဝင်တွေကိုပဲ အသိပေးထားတာပါ ” လို့ပြောပါတယ်။

ဒါ့အပြင် လာမယ့် သင်္ကြန်ကာလအတွင်းမှာ ပါတီနဲ့ သက်ဆိုင်တဲ့ သီချင်းတွေ မဖွင့်ကြ မဆိုကြဖို့နဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်ငြိမ်းချမ်းစွာဆင်နွှဲနိုင်စေဖို့ အဖွဲ့ချုပ်ဝင်တွေ အနေနဲ့ အများပြည်သူနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013