DVB Logo
Home
မြန်မာသတင်း
ဈေးအချို့တွင် အတုဟု ယူဆရသည့် အချို့မှုန့်များ တွေ့ရှိ၊ အက်ဖ်ဒီအေတွင် ဓာတ်ခွဲစစ်ဆေး
DVB
·
April 11, 2016
ဈေးအချို့တွင် အတုဟု ယူဆရသည့် အချို့မှုန့်များ တွေ့ရှိ၊ အက်ဖ်ဒီအေတွင် ဓာတ်ခွဲစစ်ဆေး
Donate to DVB

ရန်ကုန်မြို့အတွင်း ဈေးကြီးတခုက သတင်းပေးချက်အရ ဧပြီလ ပထမပတ်အတွင်း ဌာနဆိုင်ရာတွေနဲ့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းတို့ ကွင်းဆင်း စစ်ဆေးခဲ့ရာမှာ ဈေးတချို့မှာ အတုလို့ယူဆရတဲ့ အချိုမှုန့်တွေ စစ်ဆေး တွေ့ရှိတာကြောင့် အက်ဖ်ဒီအေမှာ ဓာတ်ခွဲစစ်ဆေးနေပါတယ်။

အချိုမှုန့်ကို တားမြစ်ကုန်အနေနဲ့ တားမြစ်ထားတာ မရှိတဲ့အတွက် သိမ်းဆည်းတာမျိုး မလုပ်ဘဲ အတုဟုတ်မဟုတ်ကို စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“အခုဟာကတော့ ခရမ်းဈေးကပေါ့၊ ခရမ်းဈေး ဆိုပေမယ့် တချို့ဈေးတွေမှာလည်း ရှိကောင်းရှိမယ်။ သူက အချိုမှုန့်တွေကို အကြီးအကျယ် ဆာလာအိတ်တွေနဲ့ ထည့်ပြီးတော့ နို့ဆီခွက်တွေနဲ့ကို ချိန်ရောင်းတာပေါ့နော်။ အဲ့ဒါတွေက ဆရာ တခြားဈေးမှာလည်း တွေ့ဖူးတယ်။ အဲ့ဒါကို ခရမ်းကနေ တိုင်တာပေါ့။ ဆရာတို့အဖွဲ့နဲ့ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စားသုံးသူရေးရာ ဦးစီးဌာန နှစ်ဖွဲ့ပေါင်းပြီးတော့ အဲ့ဒီမှာ သွားပြီးတော့ စစ်တာပေါ့။ စစ်တော့ အဲ့ဒီအချိုမှုန့်ဆိုင် တွေ့တယ်။ အဲ့ဒါတွေကတော့ အခုလောလောဆယ် အက်ဖ်ဒီအေ ဓာတ်ခွဲခန်းကို ပို့ထားတယ်။”

ဓာတ်ခွဲစစ်ဆေးချက်အရ အတုဖြစ်ခဲ့ရင် ဥပဒေအရ တရားစွဲဆိုသွားမယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အချိုမှုန့်အစစ်ကလည်း စားသုံးသူရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက် အချိမှုန့်အစားထိုး စားသောက်ကုန်ကို အစားထိုး အသုံးပြုဖို့လည်း ဦးဗအုပ်ခိုင်က အကြံပြုပါတယ်။

“အချိုမှုန့်တွေကို ရေရှည်စားသုံးတဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးတွေမှာ အသက် ၃၀ ကျော်လောက်ဆို အရိုးပါး၊ အရိုးပွရောဂါတွေ ဖြစ်မယ်၊ အာရုံကြောတွေ ထိခိုက်ပျက်စီးမယ်၊ ကျောက်ကပ်ပျက်စီးမှာ ဖြစ်တဲ့အတွက် ဆရာကတော့ အချိုမှုန့်ကို လုံးဝ မစားစေချင်ဘူး။ အချိုမှုန့်အစားထိုးတွေကိုပဲ ပြောင်းလဲ စားသုံးကြပေါ့။”

လက်ရှိစစ်ဆေးနေတဲ့ အချိုမှုန့်အတုလို့ ယူဆရတဲ့ အချိုမှုန့်တွေဟာ တရုတ်နိုင်ငံက အများဆုံး ၀င်ရောက်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013