
ဧပြီလ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီကျော်အချိန်က ကော့သောင်းမြို့မှာ ဘိန်းစာမှုန့် ၁၆၂ ထုတ် တန်ဖိုး ၂၁ သိန်းကျော်ခန့်ကို မူးယစ်အထူးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ကော့သောင်းမြို့နယ် ပုလာဘာလှိုင်းကျေးရွာမှာ ဘိန်းစာမှုန့်တွေ့ကို လှေနဲ့ လိုက်လံရောင်းချ နေတယ်ဆိုတဲ့ သတင်းအရ မူးယစ်အထူးအဖွဲ့ဟာ သက်သေတွေနဲ့အတူ သွားရောက်ရှာဖွေခဲ့ ဖမ်းဆီးခဲ့ပါတယ်။
ပုလောဘာလှိုင်းကျေးရွာနဲ့ စူငယ်ဘာလှိုင်းကျေးရွာအကြား တာရိုးဘေး ရေပြင်မှာ အသက် ၄၅ နှစ်အရွယ် ဦးဘိုင်ရှူဒင်ကို လှေနဲ့အတူ တွေ့ရှိပြီး လှေအားရှာဖွေရာမှ လှေဝမ်းအတွင်း အစိမ်းရောင် ပလပ်စတစ်ပုံးထဲကနေ တထုတ်ကို အလေးချိန် ၉၀ ဂရမ်ခန့်ပါ ဘိန်းစာမုန့်ထုတ် ၁၆၂ ထုတ် ကာလတန်ဖိုး ကျပ် ၂၁ သိန်းကျော်ခန့်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဦးဘိုင်ရှူဒင်ကို မူးယစ်ဆေးဝါးဥပဒေအရ တရားစွဲဆိုဖို့ သက်ဆိုင်ရာက ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
(သတင်း - ဦးလတ်ကိုကိုဦး)











