DVB Logo
Home
မြန်မာသတင်း
အလှမယ် အိဖြိုးသွယ် အမြန်လမ်းတွင် ကားမှောက်ကွယ်လွန်
DVB
·
April 11, 2016
အလှမယ် အိဖြိုးသွယ် အမြန်လမ်းတွင် ကားမှောက်ကွယ်လွန်
1 / 3
Donate to DVB

ပြီးခဲ့တဲ့နှစ်က Miss Universe Myanmar မယ်ပြိုင်ပွဲမှာ နောက်ဆုံး ဆန်ကာတင် ၅ ဦးထဲ ရွေးချယ်ခံရ သူတဦးဖြစ်တဲ့ မော်လမြိုင်ကိုယ်စားပြု အလှမယ် မအိဖြိုးသွယ်ဟာ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ကွယ်လွန်သွားပါတယ်။

ဧပြီ ၁၁ရက် မနက် ၈ နာရီ ၄၀ အချိန်က ရန်ကုန် - မန္တလေး အမြန်လမ်း မိုင် ၉၇/၂ - ၉၇/၃ ကြား မှာ မအိဖြိုးသွယ် မောင်းနှင်လာတဲ့ ပရာဒိုကား ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ယာဉ်ပေါ်မှာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ဦး စုစုပေါင်း (၅)ဦး လိုက်ပါလာရာမှာ ယာဉ်မောင်း မအိဖြိုးသွယ်ဟာ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူတွေကို မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာမှာ အမျိုးသမီး ၁ ဦး ဆေးရုံမှာ ထပ်မံ သေဆုံးသွားတယ်လို့ သတင်းမှာဖော်ပြပါတယ်။
ဓာတ်ပုံ - ministry of construction

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013