DVB Logo
Home
မြန်မာသတင်း
လှေပေါ်မှပြုတ်ကျကာ ပန်ကာဒလက်နှင့် ရိုက်မိ၍ မြန်မာရေလုပ်သားတဦး သေဆုံး
DVB
·
April 11, 2016
လှေပေါ်မှပြုတ်ကျကာ ပန်ကာဒလက်နှင့် ရိုက်မိ၍ မြန်မာရေလုပ်သားတဦး သေဆုံး
Donate to DVB

ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေမှာ မြန်မာရွှေ့ပြောင်း ငါးဖမ်းလုပ်သားတဦးဟာ ဧပြီ ၉ ရက်နေ့ ညပိုင်း ငါးဖမ်းထွက်ချိန်မှာ လှေပေါ်မှ ပြုတ်ကျပြီး ပန်ကာဒလက်နဲ့ ရိုက်မိကာ သေဆုံးသွားခဲ့တယ်လို့ ဖူးခက်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အသက် ၃၀ အရွယ် ကိုနိုင် အမည်ရ အဲဒီရေလုပ်သားဟာ လှေနောက်ပိုင်းဆီ အပေါ့အပါးသွားဖို့ ထွက်ခွာသွားချိန်မှာ ခြေချော်ပြုတ်ကျခဲ့ပြီး ပန်ကာဒလက်နဲ့ ရိုက်မိကာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

အဲဒီနေ့ ညပိုင်း ၉ နာရီ ၄၄ မိနစ်မှာ အက်ခ်မွန်ကော်လ်ချိုင်-၁၁၁ ငါးဖမ်းလှေမှ အသက် ၄၃ နှစ်အရွယ် ခေါင်းဆောင် နီတိကွန်ဆန်ဂလာဖိုဆီမှ အရေးပေါ်ခေါ်ဆိုမှုကို လက်ခံရရှိခဲ့တာလို့ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ ပန်ညာချိုင်ယာနာက ဆိုပါတယ်။

အဆိုပါငါးဖမ်းလှေဟာ ဖူးခက်မြို့အရှေ့ဘက်၊ ကိုဒိုမိုင်ကျွန်းနဲ့ ၃ ကီလိုမီတာ အကွာမှာ ခုလိုဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ငါးဖမ်းလှေဆီ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိခဲ့ချိန်မှာတော့ ငါးဖမ်းသမားဟာ နှလုံးမခုန်တော့ဘဲ ၀မ်းဗိုက်မှာ ၃ လက်မလောက် ထိုးခွဲပြတ်ရှဒဏ်ရာနဲ့ ပေါင်အတွင်းပိုင်းမှာပါ ပြတ်ရှဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရတာပါ။

ငါးဖမ်းလှေခေါင်းဆောင် နီတိပွန်က ကိုနိုင်ဟာ လှေခုတ်မောင်းနေချိန်မှာ လှေနောက်ပိုင်းဆီ အပေါ့အပါးသွားဖို့ ထွက်သွားခဲ့ပြီး ရေထဲပြုတ်ကျခဲ့တာလို့ ပြောပါတယ်။

“လှေပေါ်ပါ တခြားရေလုပ်သားတွေက သူ့ကို လှေပေါ်ဆွဲတင်ပြီး ရှေးဦးသူနာပြုနည်းတွေနဲ့ စောင့်ရှောက်ခဲ့ကြပေမယ့် ဒဏ်ရာတွေများတာမို့ အရေးပေါ်ကိုခေါ်ပြီး အကူအညီ တောင်းခဲ့ကြတာပါ” လို့ ရဲအရာရှိ ပန်ညာက ပြောပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့အလောင်းကို ဗက်ချီယာဆေးရုံဆီ ပို့ဆောင်ကာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဖူးခက်မြို့တော် ရဲတပ်ဖွဲ့ဆီ ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013