DVB Logo
Home
မြန်မာသတင်း
အမှိုက်မီးရှို့ပြီး စွန့်ပစ်နိုင်မည့်စက်ရုံ ၂၀၁၇ အပြီး တည်ဆောက်မည်
DVB
·
April 11, 2016
အမှိုက်မီးရှို့ပြီး စွန့်ပစ်နိုင်မည့်စက်ရုံ ၂၀၁၇ အပြီး တည်ဆောက်မည်
Donate to DVB

အမှိုက်မီးရှို့ပြီး စွန့်ပစ်နိုင်မယ့်စက်ရုံ ဂျပန်နဲ့ပေါင်းပြီး ရန်ကုန်  ရွှေပြည်သာအနီးမှာ၂၀၁၇ အပြီး တည်ထောင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ပြောပါတယ်။

ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနတို့ပူးပေါင်းပြီး G to G လက်မှတ်ရေးထိုးပြီး ဆောင်ရွက် နေတာပါ။

လက်ရှိ အမှိုက်တန် ၆၀ နီးပါး စွန့်ပစ်နိုင်တဲ့ မြေနေရာရှိတဲ့ စက်ရုံတည်ဆောက်ဖို့ စီစဉ်နေတာပါ။ အဲ့ဒီလုပ်ငန်းစဉ်ကို ၂၀၁၇ ခုနှစ်လောက်မှာ စတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒု-ဌာနမှူး ဦးစောဝင်းမောင်က “၁၀ ရက်၊ ၁၀ လ ၂၀၁၅ တုန်းကလည်း ကျနော်တို့ ကတိက၀တ် လုပ်ပါတယ်။ ကျနော်တို့အခု ၂၀၁၇ မှာ ကျနော်တို့ စတင်ပါမယ်။ အခုကတော့ တည်ဆောက်ဆဲကာလပါခင်ဗျ။ မကြာခင်လည်း စက်ပစ္စည်းတွေ စတင် ရောက်ရှိတော့မှာပါ။”

အမှိုက်စွန့်ပစ်မှုကြောင့် သဘာဝပတ်ဝန်းကျင်အတွက် မြေကော ရေကောပါ ထိခိုက်မှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူကြီးကတဆင့် လူငယ်တွေကို စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး ပညာပေးဖို့ အရေးကြီးတယ်လို့  ရေမိခင်များအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်နီနီသိန်းက ပြောပါတယ်။

“အဲ့ဒီလူငယ်တွေ စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်အောင် အသိဉာဏ် ထည့်ပေးရမယ်။ နောက်တခုက လူကြီးက လူငယ်ကို အသိဉာဏ်ထည့်ပေးပြီးတော့၊ သူကတော့ လုပ်ချင်တာလုပ်တယ်။ ပါးစပ်ကတော့ ဘုရားဘုရား၊ လက်ကတော့ ကားယားကားယားဆိုရင် ကိုယ့်ရဲ့ နောက်မျိုးဆက်တွေသည် ဘယ်တော့မှ သင်ယူမှာ မဟုတ်တော့ဘူး။”

အဲ့ဒီစက်ရုံတည်ဆောက်နိုင်ဖို့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ နှစ်နိုင်ငံသဘောတူစာချုပ် ရေးထိုးခဲ့ပြီး၊ ဂျပန်က ဒေါ်လာ ၈ သန်း၊ မြန်မာနိုင်ငံက ဒေါ်လာ ၈ သန်းနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။

သတင်း - ခင်နှင်းဖြူစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013