DVB Logo
Home
မြန်မာသတင်း
ကယန်းအမျိုးသားနေ့ကို နေပြည်တော်ကောင်စီနယ်မြေတွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရ
DVB
·
April 11, 2016
ကယန်းအမျိုးသားနေ့ကို နေပြည်တော်ကောင်စီနယ်မြေတွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရ
1 / 5
Donate to DVB

၁၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ဧပြီလ ၁၀ ရက်နေ့မှာ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အောင်နန်းချို ကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကယန်းအမျိုးသားနေ့ကို နေပြည်တော်ကောင်စီ နယ်မြေရှိ အစိုးရအဖွဲ့တက်ရောက်ခဲ့သလို နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က ကယန်းအမျိုးသားနေ့ကို နေပြည်တော် ကောင်စီနယ်မြေမှာ ကျင်းပပြုဖို့ စီစဉ်ခဲ့ပေမယ့်လည်း ပွဲရက်ကပ်မှ ကျင်းပခွင့် ပြန်လည်ပိတ်ပင်တာကြောင့် ကျင်းပခွင့် မရခဲ့ပါဘူး။

ဧပြီ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ ကယန်းအမျိုးသားနေ့ဟာ နေပြည်တော် ကောင်စီနယ်မြေမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရတာလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ခွန်းတူးတူးလေး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013