DVB Logo
Home
မြန်မာသတင်း
မန္တလေး-တနိုင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၁ ဦးသေဆုံး
DVB
·
April 11, 2016
မန္တလေး-တနိုင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၁ ဦးသေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ရွှေဘို - မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၁၁၂/၇အနီး နေပူတောင်အဆင်းမှာ ဧပြီ ၁၀ ရက် မနက် ၃ နာရီခွဲအချိန်က ခရီးသည်တင် မှန်လုံယာဉ်တစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူတဦးသေဆုံးခဲ့ပါတယ်။

ဧပြီ ၁၀ မနက် ၃ နာရီခွဲအချိန်က ထီးချိုင့်မြို့နယ် ရွှေဘို - မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၁၁၂/၇ အနီး နေပူတောင်အဆင်းမှာ "ရွှေကချင်" မန္တလေး-တနိုင်း ခရီးသည်တင် မှန်လုံယာဉ်တစီးဟာ ကားလမ်းယာဘက် ပေ ၃၀ ခန့်အကွာမှာ ဘေးစောင်းအနေထားနဲ့ တိမ်းမှောက်တဲ့အတွက် ယာဉ်နောက်လိုက်ဖြစ်တဲ့ ပြည်မြို့နယ် ပေါက်ခေါင်းကျေးရွာနေ ကိုမျိုးသူရ သေဆုံးခဲ့ပြီး ခရီးသည် ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဒဏ်ရာရရှိသူတွေကို အင်းတော်ဆေးရုံမှာ ကုသပေးနေပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်းမိုးဒီ ကို ထီးချိုင့်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

သတင်း -  ကိုကျော် (အင်းတော်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013