DVB Logo
Home
မြန်မာသတင်း
ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော် ယခင်နှစ်များနှင့်မတူ တမူထူခြား ကျင်းပမည်
DVB
·
April 10, 2016
ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော် ယခင်နှစ်များနှင့်မတူ တမူထူခြား ကျင်းပမည်
Donate to DVB

ဒီနှစ် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေနဲ့ မတူဘဲ တမူထူးခြား အစီစဉ်တွေ ပြုလုပ်ပြီး ဆင်ယင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ရခိုင်လူမှုအသင်းအဖွဲ့တွေ စုပေါင်းကျင်းပတဲ့ ၂၀၁၆- ခုနှစ် ၁၃- ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို နှစ်စဉ် ကျင်းပနေတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်းမှာ တိုင်းရင်းသားယဉ်ကျေးမှုအကတွေနဲ့ တေးသံရှင် ၁၀ ဦးအပါအ၀င် ရေလောင်းမဏ္ဍပ် ၁၅ ခု ပါဝင်အားဖြည့်သွားမယ်လို့ ပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦးညီညီမောင်က  ပြောပါတယ်။

’’ကျနော်တို့ အဓိကဦးဆောင်ကော်မတီတွေဖွဲ့ပြီးတော့ စနစ်တကျဒီပွဲကို ကျင်းပသွားဖို့ လုပ်ထားပါတယ်။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုက်ရိုက်ဦးဆောင်ပြီးတော့ လုပ်တယ်။ အရင်နှစ်ကထက် မတူအောင် စည်စည် ကားကားဖြစ်အောင် လုပ်သွားမယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကွပ်မှုအောက်မှာ ကျင်းပတဲ့အတွက်ကြောင့် လုံခြုံရေးပိုင်းကိုလည်း စနစ်တကျစီစဉ်ထားပါတယ်။ ရခိုင်ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ အခုလိုကျင်းပရခြင်းဖြစ်ပါတယ်။”

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်အတွင်း စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဍာကျွန်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်တို့က ရေလောင်းမဏ္ဍပ်တွေနဲ့ အခြား လူမှု့အဖွဲ့အစည်းမဏ္ဍပ်တွေဖြစ်တဲ့ လေးတောင်အသင်း၊ ရခိုင်မောင်မယ် တံမြက်စည်းလှဲအသင်း၊ လေးဝတီ ကုလရက္ခိတအသင်း၊ ရခိုင်အမျိုးသမီးအသင်း တို့ဖြစ်ကြပါတယ်။ ဒါ့အပြင် ကချင်၊ ချင်း၊ မွန်၊ ရှမ်း၊ ထားဝယ်၊ ပအို့ တို့တိုင်းရင်းရိုးရာယဉ်ကျေးမှု အကတို့ကိုလည်း အားဖြည့်ပါဝင်သွားမယ် လို့လည်းသိရပါတယ်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ဆပ်မတီဖြစ်ကြတဲ့ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ နံ့သာသွေး ပွဲနှင့် ဘုရားရေသပ္ပါယ်ရေးဆပ်ကော်မတီ၊ မဏ္ဍပ်ဆောက် လုပ်ရေးနှင့် နေရာချထားရေကော်မတီ၊ လျှစ်စစ်မီးနဲ့ ရေရရှိရေးကော်မတီ၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းပြန်ကြားရေးနှင့်ဖိတ်ကြားရေးကော်မတီ၊ စည်းကမ်းထိမ်းသိမ်း ရေးနဲ့ လုံခြုံရေးကော်မတီတွေကို စနစ်တကျဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

၁၃- ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအစဉ်အလာနဲ့အညီ ဧပြီ ၁၁ ရက် နေ့လယ် ၁ နာရီ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ နံ့သာသွေးပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။

ရေလောင်းမဏ္ဍပ်တွေဖွင့်ပွဲကို ဧပြီ ၁၂ ရက်နေ့သင်္ကြန် အကြိုနေ့ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဧပြီ ၁၆ ရက်နေ့အထိ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်း - ဇော်ခ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013