DVB Logo
Home
မြန်မာသတင်း
အစိုးရဟောင်းလက်ထက်မှ မြေယာပြဿနာဖြေရှင်းပေးရန် ကျိုက်ထိုတွင် ဆန္ဒဖော်ထုတ်
DVB
·
April 10, 2016
အစိုးရဟောင်းလက်ထက်မှ မြေယာပြဿနာဖြေရှင်းပေးရန် ကျိုက်ထိုတွင် ဆန္ဒဖော်ထုတ်
1 / 9
Donate to DVB

ပြီးခဲ့တဲ့အစိုးရလက်ထက်က နိုင်ငံပိုင်မြေတွေကို ရောင်းစားခဲ့တာ၊ ကျူးကျော်အိမ်တွေကို မီးရှို့ခဲ့တာ စတာတွေကို အရေးယူဆောင်ရွက်ပေးဖို့ ဒီနေ့ ဧပြီ ၁၀ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“စစ်တောင်း စက္ကူစက်အတွက် စိုက်ထားတဲ့ ယူကလစ်စိုက်ခင်းတွေထဲမှာ အုပ်ချုပ်ရေးပိုင်းနဲ့ပေါင်းပြီး အကွက်ဖော်ရောင်းစားတယ်။ ဒါကို ဒေသခံတွေက မကျေနပ်တော့ သူတို့လည်း စိုက်ခင်းတွေထဲမှာ ၀င်နေကြတယ်။ အဲဒီမှာ ပြဿနာ စဖြစ်ကြတာပဲ” လို့ ဒေသခံ ဦးဝင်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

စိုက်ခင်းထဲမှာ အိမ် ၆၀၀ ကျော် ၀င်ရောက်ပြီးချိန်မှာတော့ အုပ်ချုပ်ရေးပိုင်းက ရှင်းလင်းဖို့ ကြိုးစားခဲ့ပါတယ်။ “အစကတော့ အိမ်တစ်ချို့ကို ဓားနဲ့ဝင်ခုတ်တယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ အဲဒီ အိမ် ၆၀၀ လောက်ကို မီးရှို့ပစ်တယ်” လို့ ဦးဝင်းစိုးက ပြောပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး ဒေသခံ ၁၅၀ လောက်က ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ- နေခြည်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013