DVB Logo
Home
မြန်မာသတင်း
သက်ကြီးရွယ်အို ၅ ဦးတွင် ၁ ဦး အလုပ်လုပ်နေရဆဲ
DVB
·
April 10, 2016
သက်ကြီးရွယ်အို ၅ ဦးတွင် ၁ ဦး အလုပ်လုပ်နေရဆဲ
Donate to DVB

မြန်မာနိုင်ငံမှာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အို ၅ ဦးမှာ ၁ ဦးက အလုပ်လုပ်နေရဆဲ ဖြစ်တယ်လို့ သန်းခေါင်စာရင်း အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ကလည်း ကြေညာချက်တခု ထုတ်ခဲ့ပါတယ်။
အဲဒီကြေညာချက်မှာ အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေရဲ့ ၂၂ ရာခိုင်နှုန်းဟာ လယ်ယာ၊ သားငါးနဲ့ သစ်တောကဏ္ဍတွေမှာ ကာယအသုံးပြုတဲ့ အလုပ်တွေ လုပ်နေရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ရဲ့ မြန်မာပြည်ကိုယ်စားလှယ် မစ္စ ဂျက်ဆန်က “ဒီအချက်က ပြည့်စုံ လုံလောက်တဲ့ လူမှုရေး ၀န်ဆောင်မှုတွေနဲ့ မူဝါဒတွေလိုအပ်နေပြီဆိုတာ ပြနေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၆၅ နှစ်ကနေ ၇၅ နှစ်နဲ့အထက် သက်ကြီးရွယ်အို စုစုပေါင်းဦးရေ သိန်း ၃၀ လောက် ရှိပြီး အလုပ်လုပ်သူဦးရေ ၆ သိန်းခွဲလောက် ရှိနေတာပါ။
ကျေးလက်ဒေသမှာရှိတဲ့ အလုပ် လုပ်နေဆဲ သက်ကြီးရွယ်အိုတွေဟာ မြို့ပြက သက်ကြီးရွယ်အို တွေထက် လေးဆလောက် ပိုများ တာလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013